Part 386
Sue Xing NwayDecember 03, 2022
Chapter 386(Extra-23)ကျန်းရှောင်မန်သည် လျန့်စီယု သေဆုံးသွားရခြင်းကို နားမလည်နိုင်ဖြစ်နေသည်။ ဤကဲ့သို့ စနစ်တကျနှင့် အမှားအယွင်းမရှိ သေဆုံးသွားရခြင်းသည် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသကဲ့သို့ပင် ဖြစ်နေသည်။
အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်သော လျန့်စီယုသည် အဘယ်ကြောင့် သေဆုံးသွားရသနည်း။
စနစ်သည် အမြဲပင် ဇာတ်ညွှန်းအတိုင်းလိုက်၍ ကျန်းရှောင်မန်အား အမြှောက်စာအဖြစ်နှင့် လျန့်စီယုအတွက်ကောင်းမည့်အရာများကိုသာ လုပ်ခိုင်းခဲ့သည်။ ကျန်းရှောင်မန်သာ သူမ၏ဉာဏ်ကိုလွှာသုံး၍ မနေခဲ့ပါက ယခုအချိန်တွင် အမြှောက်စာအနေနှင့် အဝေးသို့ လွင့်သွားတော့မည်ဖြစ်သည်။ ထို့ကြောင့် လျန့်စီယုကဲ့သို့ အဓိကဇာတ်ဆောင်တစ်ယောက်က ပျောက်ကွယ်သွားမည်ဆိုလျှင်လည်း ခဏပင်ဖြစ်ကာ ပြန်ပေါ်လာရမည်မဟုတ်ပါလား။
ဤကဲ့သို့ ရုတ်တရက်ဖြစ်သွားခြင်းအပေါ် ကျန်းရှောင်မန် နားမလည်နိုင်ဖြစ်နေရသည်။
အချိန်အနည်းငယ်စဉ်းစားပြီးသော အခါ ကျန်းရှောင်မန်သည် စနစ်အပေါ် သံသယဖြစ်လာသည်။
"ဦးဦးစနစ်...ဦးဦးဆီမှာ ရှိနေတာ...ဇာတ်ညွှန်းအတု များလား..."
စဉ်းစားကြည့်လျှင် ဖြစ်နိုင်ချေက ဤတစ်ခုပင် ရှိသည်မဟုတ်လား။
ဇာတ်ညွှန်းအတုကြောင့်သာမဟုတ်လျှင် လျန့်စီယု သေဆုံးသွားရခြင်းအား မည်သို့ ဖြေရှင်းနိုင်မည်နည်း။
စနစ်က အလျင်အမြန်ပင် ပြန်ပြောသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...လုံးဝမဖြစ်နိုင်ဘူး...ပိုင်ရှင် မင်းက ငါ့ရဲ့ ကျွမ်းကျင်မှုကိုစော်ကားနေတာလား...လျန့်စီယုသေသွားတာ သူ့ကိစ္စနဲ့သူရှိမှာပေါ့...ငါ့အပြစ်မဟုတ်တာတော့ လုံးဝသေချာတယ်..."
"ဒါပေမယ့် အဓိကဇာတ်ဆောင်က သေသွားပြီလေ..."
"ဇာတ်ညွှန်းက ဝမ်းနည်းစရာဇာတ်ညွှန်း ဖြစ်ချင်ဖြစ်မှာပေါ့..."
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖