Part 389
Sue Xing NwayDecember 03, 2022
Chapter 389(Extra-26)အဖွားအိုသည်လည်း အစတည်းကပင် စိတ်နှလုံးနူးညံ့သည်ဖြစ်၍ လျန့်စီယု သည် သူ့လက်ပေါ်၌ပင် ကြီးပြင်းလာသူဖြစ်ရာ လျန့်စီယု အိမ်မှထွက်သွားရသောအခါ အဖွားသည် အလွန်ဝမ်းနည်းခဲ့ရသည်။
ထို့ကြောင့် လျန့်စီယုတစ်ယောက် ဝမ်မိသားစု၏အိမ်မှ ဆင်းသွားပြီးသည့်နောက်ပိုင်း၌လည်း အနေ အစား မဆင်းရဲစေရန် အဖွားက တိတ်တဆိတ် ငွေကြေးများ ထောက်ပံ့နေခဲ့သည်။
အဖွားအိုဝမ်အတွက်တော့ ဤမျှလောက်သော ငွေကြေးသည် မပြောပလောက်သော ပမာဏဖြစ်သည်။ သို့သော် လျန့်စီယုသည် ဤမျှလောက်ဖြင့် မကျေနပ်နိုင်ဖြစ်လာသည်။ သူမသည် အသုံးအဆောင်ကောင်းများဖြင့် သက်တောင့်သက်သာနေရသည့်ဘဝ၌ အသားကျနေသူဖြစ်ရာ ဤပိုက်ဆံလေးသည် သူမ၏ ကြီးမားသောအသုံးစရိတ်ကို မကာနိုင်ဖြစ်လာသည်။ ထို့ကြောင့် အဖွားဆီမှ ငွေကို မကြာခဏ ပိုတိုး၍ တောင်းလာသည်။
မူလကတော့ အဖွားအိုဝမ်သည် လျန့်စီယုအား သူမ၏ ကိုယ်ပိုင်ပိုက်ဆံထဲမှ ထုတ်ပေးသော်လည်း နောက်ပိုင်းတွင်မူ အဖွားလည်း မတတ်နိုင်တော့ချေ။ သို့သော် သူ့မြေးမ၏ မျက်ရည်များနှင့် အနေ အစား ဆင်းရဲနေသည်ကို မကြည့်ရက်သောအခါ အဖွားသည် လျန့်စီယုအား အိမ်သို့ပြန်ခေါ်ရန် ဝမ်ဟွေ့အား တောင်းဆိုလိုက်သည်။
ဝမ်ဟွေ့သည် မည်သို့ သဘောတူနိုင်ပါမည်နည်း။
ဝမ်မိသားစုအတွင်း ထိုကိစ္စနှင့် ပတ်သတ်၍ အကြီးအကျယ် ရန်ဖြစ်ကြရကာ လျန့်စီယုအား အိမ်ပြန်ခေါ်ရန် မခေါ်ရန် သည် ဆုံးဖြတ်မရဖြစ်နေသည်။
ဝမ်မိသားစုထံမှ နောက်ဆုံး ဆုံးဖြတ်ချက် ထွက်လာဖို့ကို လျန့်စီယုသည် မစောင့်နိုင်တော့ချေ။
လျန့်စီယု သည် ပိုက်ဆံအလွန်လိုအပ်နေသည်ဖြစ်ရာ သူမနှင့်သိသော လူဆိုးဂိုဏ်းထွက် မိတ်ဆွေတစ်ဦးနှင့် တိုင်ပင်ကာ ပြန်ပေးဆွဲခံရယောင်ဆောင်၍ ငွေညှစ်ရန် တိုင်ပင်ခဲ့ကြသည်။ ထို့ကြောင့် ထိုလူများနှင့် အလုပ်ကိစ္စဆွေးနွေးရန် ပန်းခြံထဲ၌ ဆုံတွေ့ခဲ့ကြသည်။
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖