Part 358
Sue Xing NwayNovember 28, 2022
Chapter 358ငရုတ်သီးထည့်ထားသည့်ဖက်ထုပ်က အကြည်ရောင်အလွှာအောက်တွင် ပန်းရောင်ဖျော့ဖျော့သမ်းနေလေသည်။ ကျန်းရှောင်မန်က အဆိုပါဖက်ထုပ်ကို ယွီချင်းရှီပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။
“မြန်မြန်စားလိုက်...”
“ဟမ်...”
ယွီချင်းရှီက တူဖြင့်ကောက်ကိုင်ကာ ပါးစပ်ထဲထည့်လိုက်သည်။
အား...စပ်တယ်...စပ်တယ်...အရမ်းစပ်တာပဲ...
ယွီချင်းရှီ၏ပါးပြင်နှင့်နားရွက်များ ရဲတက်လာကာ သူ့ခန္ဓာကိုယ်မှ မီးများထွက်လာတော့မည်ဟုပင် ခံစားလိုက်ရသည်။ သူက အစပ်ပြေစေရန်အတွက် စွပ်ပြုတ်တစ်ခွက်ကို မော့သောက်လိုက်၏။
သို့သော် ကျန်းရှောင်မန်က နောက်တစ်ခုထပ်ထည့်ပေးပြန်သည်။
“စားစား...ဒါကအရသာရှိတယ်...”
ဘာလို့ ရှောင်မန်သူ့ကိုဖက်ထုပ်တွေအတင်းကျွေးနေပါလိမ့်…
ယွီချင်းရှီက ခေါင်းငုံ့ကာထပ်စားလိုက်သည်။
အား....အရမ်းစပ်တယ်...
ထပ်ပြီးငရုတ်သီးတွေပဲ...
ယွီချင်းရှီ၏မျက်နှာက နီရာမှပြာလာသည်။
ထို့နောက် ကျန်းရှောင်မန်နောက်တစ်ခုထပ်ထည့်ပေးပြန်သည်။
ထပ်ပြီးငရုတ်သီးတွေပဲလား...
ယွီချင်းရှီက အရသာမခံရဲတော့ချေ။ အဆိုပါဖက်ထုပ်အား မဝါးပဲမြိုချရန်သာဆုံးဖြတ်လိုက်သည်။ ထိုစဥ် ကျန်းရှောင်မန်၏အလန့်တကြားအော်သံထွက်ပေါ်လာသည်။
"ဟဲ့...ဟဲ့....မြိုမချနဲ့လေ...မြန်မြန်ထွေးထုတ်လိုက်...ဒီတစ်ခုကချန်ပီယံဖက်ထုပ်အစစ်...အထဲမှာအကြွေစေ့ပါတယ်...”
“...”
အထဲမှာဘာအစာသွပ်ထားမှန်း သူမ သိပြီးသားပေါ့လေ...
ဒီ......ကျန်းရှောင်မန်....
ကျန်းဟွေ့မိန်က ဒီအတိုင်းဆက်မကြည့်နိုင်တော့ပဲ မြေးမဖြစ်သူအားဆူလိုက်သည်။

YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖