Part 337
Sue Xing NwayNovember 28, 2022
Chapter 337သူမသည် ထိုခံစားချက်ကို အမြန်ဖိနှိပ်လိုက်ပြီးနောက် ယွီချင်းရှီနှင့် စတင် စကားဖောင်ဖွဲ့လိုက်ကာ သူနှင့်ဝေးကွာနေရသော ဤနေ့ရက်များတွင် သူမ ခက်ခဲကြမ်းတမ်းသောနေ့ရက်များကို မည်ကဲ့သို့ ဖြတ်သန်းခဲ့သည်ကို ပြောပြခဲ့သည်။
“အတိုချုပ်ပြောရရင်တော့ အရမ်း ခက်ခဲတယ်......"
ကျန်းရှောင်မန် လျန့်ယွမ်ချင်း၏ ရှင်းပြ ချက်ကို အဆုံးသတ်ပြီးနောက် သူမအဖိုးအကြောင်း ပြောပြလိုက်၏။
“ငါ့အဖိုးက ဆေးရုံတက်နေတုန်းပဲ... ကြီးကြီးမားမား ပြဿနာမရှိဘူးလို့ ထင်ရပေမဲ့ ဆေးရုံက ဆင်းလို့မရဘူးလို့ ဆရာဝန်က ပြောတယ်...အတွင်းပိုင်း စောင့်ကြည့်လေ့လာမှုလုပ်ရဦးမယ်....."
"ငါ...သူ့ကိုသွားတွေ့မယ်....."
ယွီချင်းရှီ အနည်းငယ် စိတ်လှုပ်ရှားလာပြီး သူ၏ လည်ဇလုတ်က အရိပ်အယောင်မရှိဘဲ လှုပ်ခါသွားကာ သတ္တိမွေးလျက် ပြောလိုက်သည်။
"မင်းတို့မိသားစုကို ငါမမြင်ဖူးသေးဘူး...သူ ဆေးရုံမှာ တစ်ယောက်တည်း အထီးကျန်နေလိမ့်မယ်...."
သူ့အမေလည်း ဤသို့ပင်။ အလွန်အထီးကျန်နေသာ လူတစ်ယောက်သာ။
ယွီချင်းရှီ ကျန်းရှောင်မန်၏ အဖြေကို စောင့်မျှော်ရင် မျက်လွှာချလိုက်သည်။
"ကောင်းပြီ... မနက်ဖြန်သောကြာ...စနေတနင်္ဂနွေ သွားမယ်လေ....."
ကျန်းရှောင်မန်က သူကို စိတ်မြန်လက်မြန်ရှိသူဟုဆို၏ ။ သူကဆုံးဖြတ်ပြီးသည်နှင့် တန်းပြီး လုပ်တော့သည်။ သူမ လက်ကိုင်ဖုန်းကို ထုတ်ပြီး ဝမ်ဟွေ့ကို ဖုန်းခေါ်လိုက််၏။
"ဟဲလို အမေ...မနက်ဖြန် သူငယ်ချင်းကို ဆေးရုံလူနာမေး ခေါ်သွားချင်လို့ ...အိမ်က ဒရိုင်ဘာ သုံးလို့ရမလား...."
"ဒါ သမီးသူငယ်ချင်းကောင်းပါ...."
"ကောင်းပြီ အမေ... ကျေးဇူးတင်ပါတယ်...သမီးအမေ့ကို ဒုက္ခပေးမိပြီ..."
ESTÁS LEYENDO
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
Ficción Generalအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖