chapter 345

657 42 1
                                    

Part 345
Sue Xing NwayNovember 28, 2022
Chapter 345

လက်ရှိမှာ လျန့်စီယု  အချိန်အတော်ကြာ မေ့လျော့ထားခဲ့သည်ကား  ယခု သူမသည် ဂျူနီယာ အထက်တန်းကျောင်းမှာမဟုတ်တော့သလို  သူမက သူမ၏ အဖွဲ့ငယ်လေးထဲက အကောင်းဆုံး မင်းသမီးလေးလည်း မဟုတ်တော့ပေ။ အဆင့်အတန်းကိုမဆိုထားနှင့် တခြားသူတွေက သူမနှင့် သိပ်ပင်မရင်းနှီးကြပါချေ။

ထိုလူများသည် ကျန်းရှောင်မန်ကို အရူးအမူး ချစ်ရေးဆိုကြပြီး အချိန်တိုတိုအတွင်း၌ ၎င်းတို့သည် ကျန်းရှောင်မန်၏မဲများကို ဂျပန်ထိရောက်အောင်  ပေးခဲ့ကြသည်။

(ဟိုးထိပ်ဆုံးထိလို့ပြောချင်တာကို အတိသယဝုတ္တိအလင်ကာသုံးထားတယ်ထင်တာပဲ XD)

စိတ်အားထက်သန်မှုနှင့်  ကြယ်ပွင့်နောက်လိုက်သူ ကဲ့သို့ ပြုမူနိုင်သည့် စွမ်းရည်ကို ပြသဖြင်းသည် တိုက်ခိုက်ရမည့်နေရာကို ရိုးရှင်းစွာ ရည်ညွှန်းလေ၏။

လျန့်စီယု   မဲအရေအတွက် အပြောင်းအလဲကို တစ်ညလုံး စောင့်ကြည့်နေခဲ့သည်။

အစပိုင်းတွင် ကျန်းရှောင်မန်က အဆင့်နှစ်ဆယ်၊ ဝန်းကျင်၌သာရှိပြီး၊ ၎င်းနောက် ဆယ့်ငါးဖြစ်လာကာ ထို့နောက်  ထိပ်တန်းဆယ်ယောက်ထဲသို့ ရောက်ရှိလာခဲ့၏။

ထိပ်ဆုံးငါးယောက်... ထိပ်ဆုံးသုံးယောက်...

လျန့်စီယုနှင့် တစ်နေရာသာ ကွာတော့သည်။

သို့သော်လည်း ကျန်းရှောင်မန်၏မဲများက မရပ်တန့်သေးပါချေ။

လျန့်စီယု  ဒေါသထွက်လွန်း၍  ငိုချလုမတတ်ပင်။ သူမ လျှို့ရွှမ်ထံမှ သင်ယူခဲ့ပြီး သူမရှာဖွေနိုင်သော ဖုန်းနံပါတ်များအားလုံးကို စာရင်းသွင်းကာ ငှားရမ်းပြီးနောက် သူမကိုယ်တိုင် မဲပေးခဲ့သည်။

သို့သော် အရာမရောက်ပေ။

လျန့်စီယု   လက်မှတ်တွေကို ပွတ်ဆွဲပြီး ကျန်းရှောင်မန်ကို နှိမ်နှင်းဖို့တောင် တွေးထားပေမဲ့ သူမမှာ ပိုက်ဆံရှိပြီး ပွတ်ဆွဲချင်နေလျှင်ပင် စျေးကွက်ရှိမှာ မဟုတ်ချေ။ ဤသည်က စီးပွားရေးလုပ်ငန်းတစ်ခု လုံးဝ မဟုတ်ပါဘဲ  အပန်းဖြေစရာတစ်ခုသာ ဖြစ်လေ၏။  စျေးကွက်မရှိသလို  လုပ်ချင်သူကိုလည်း  ဘယ်သူမှ ရှာတွေမှာမဟုတ်ပေ။

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Where stories live. Discover now