Part 346
Sue Xing NwayNovember 28, 2022
Chapter 346သို့သော် ကျန်းရှောင်မန် သူမအတွက် တစ်ခုခု မှားယွင်းသွားသည်ဟု ခံစားမိသည်။ ရုတ်တရတ် ဆတ်ခနဲဖြစ်အပြီးမှာ သူမခေါင်းက တစ်ခုခု တူးထုတ်ခံလိုက်ရသလိုမျိုး ဗလာကျင်းသွား၏။
ပြဿနာရှိသည်ဟု၍လည်း ပြော၍မရသလို ထူးဆန်းသည်ဟုလည်း ပြော၍မရပေ။
ကျန်းရှောင်မန် သည် စိတ်ရှုပ်ထွေးစွာဖြင့် တုန်လှုပ်သွားခဲ့ပြီး ပုစ္ဆာကိုဆက်ဖြေရှင်းခဲ့သည်။
ထူးဆန်းတယ်...
သူမခုနလေးတင် ပုစ္ဆာကိုချောချောမွေ့မွေ့စဥ်းစားနိုင်ခဲ့သော်လည်း ယခု ဆက်လုပ်မည်ဆိုပါက မလုပ်နိုင်တော့သလို ခံစားရ၏။
သူမသည် ဤဖော်မြူလာနှင့် ဤသီအိုရီကို ရှင်းရှင်းလင်းလင်း မှတ်သားထားပြီး ၎င်းကို အသုံးပြုမှာဖြစ်လေသည်။
ဒါပေမဲ့ ဘာလို့...ဘာလို့ ...
အာ့... ဒီဖော်မြူလာက ဘာလဲ...
သီအိုရီတွေ... သူမ ရှုပ်ထွေးနေတာလား...
ကျန်းရှောင်မန်၏ ပထမဆုံး တုံ့ပြန်မှုသည် နားမလည်ခြင်းပင်။
သူမ တကယ်နားမလည်တော့ခြင်းပင်။
ဤအတည်ပြုချက်က သူမကို ထိတ်လန့်ကာ ချွေးစေးတွေ ပြန်လာစေသည်။
သူမမဖြေနိုင်သည့်စာမေးပွဲဟူ၍မရှိခဲ့ပေ။ ဤအခြေအနေက လုံးဝပုံမှန်ဟုတ်မနေချေ။ ထို့အပြင်၊ သူမ အရင်က ၎င်းကို အလွတ်ကျက်ပြီးဖြစ်ကြောင်း အသေအချာပြောနိုင်သော်လည်း ယခုအခါတွင် ဤမေးခွန်း၏ မှတ်ဉာဏ်က တူးထုတ်ခံလိုက်ရပြီး ဗလာဖြစ်နေပုံရသည်။
ကျန်းရှောင်မန် ယခုမှပင် ခုနကသူမ အကြောင်းပြချက်မရှိဘဲ မူးလဲသွားခြင်းမဟုတ်ပါပဲ စက္ကန့်အနည်းငယ်ကြာသတိလစ်သွားခြင်းက သူမကို ထိခိုက်မှုတချို့ရှိစေနိုင်ကြောင်း သိသွားတော့၏။
သို့ပေမဲ့ စာမေးပွဲက ဖြေနေတုန်းပင်၊ သူမ *ကျည်ဆံကိုက်ပြီး လုပ်ရုံသာတတ်နိုင်လေသည်။
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖