chapter 359

553 46 1
                                    

Part 359
Sue Xing NwayNovember 28, 2022
Chapter 359

ညစာစားပြီး​နောက် ဝမ်ဟွေက ကျန်းရှောင်မန်အတွက်ပြင်ပေးထားသည့် အခန်းကိုပြသလိုက်သည်။ အဆိုပါအခန်းက လျန့်စီယု၏အခန်းဟောင်းဖြစ်၏။ သို့သော် အသစ်ပြန်လည်ပြင်ဆင်ထားကာ အသေးစိတ်အလှဆင်ထားလေသည်။

ရှောင်မန်က ​ပတ်ပတ်လည်ကိုလိုက်ကြည့်ရင်း ရှုပ်ထွေးသောအကြည့်ဖြင့် ပြောလိုက်သည်။

“ဒါကလျန့်စီယုရဲ့အခန်းမဟုတ်လား...သမီးနေတာသိသွားရင် သူမပြသနာရှာလိမ့်မယ်....”

ဝမ်ဟွေမျက်နှာပျက်သွားသည်။

“ဒီအခန်းက အစကတည်းကသမီးပိုင်တာပဲ...ဘယ်သူ့ကိုမှငဲ့ညှာနေစရာမလိုဘူး...ပြီးတော့ လျန့်စီယုက သူ့သူငယ်ချင်းတွေနဲ့အတူတူလျှောက်သွားနေတာ...အိမ်ကိုပြန်မလာတာ ရ​က်အတော်ကြာနေပြီ...သူမကြောင့်စိတ်ရှုပ်မခံပါနဲ့...”

ကျန်းရှောင်မန်က လျန့်စီယုအပြင်ထွက်လည်သည့်အပေါ် စပ်စုချင်သွားသည်။ သို့သော် ပြန်၍စဥ်းစားကြည့်သည့်အခါ ထိုကိစ္စအားသိသိမသိသိ သူမအတွက်အ​ရေးမကြီးလှ။

ဘာပဲဖြစ်ဖြစ် သူမလည်းဒီမှာအကြာကြီးနေမှာမှမဟုတ်တာ...

ကျန်းရှောင်မန်က ဘာမှဆက်မပြောတော့ချေ။

ဝမ်ဟွေက သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာရသည့်အပြုံးတစ်ခု သူမမျက်နှာထက်ပေါ်ပေါက်လာသည်။ သူမက ကျန်းရှောင်မန်အိမ်သို့ပြန်လာသည့်အတွက် အလွန်ပျော်ရွှင်နေလေသည်။

သို့သော် သားအမိနှစ်ယောက်ကြားရှိလေထုက အနည်းငယ်ကိုးရို့ကားရားနိုင်နေသည်။ ကျန်းရှောင်မန် ကလေးဘဝတစ်လျှောက်လုံး တောင့်တခဲ့ရသည့် မိခင်မေတ္တာက ယခုအချိန်တွင်မူ သူမအတွက်အစိမ်းသက်သက်ပင်။ စနစ်ထံမှ မူလဇာတ်ကြောင်းကို ဖတ်ရှုထားခဲ့ခြင်းကြောင့်လည်းဖြစ်နိုင်သည်။

ညသို့ရောက်သည့်အခါ ကျန်းရှောင်မန်က ရေမိုးချိုးပြီး ညအိပ်ဝတ်စုံကိုလဲလှယ်လိုက်ကာ အိပ်ရာဝင်လိုက်သည်။

သူမ မအိပ်ခင် ပြတင်းပေါက်ထံအကြည့်ရောက်သွားခဲ့၏။

အပြင်ဘက်တွင် နှင်းများကျဆင်းနေလေသည်။

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Onde histórias criam vida. Descubra agora