Part 373
Sue Xing NwayDecember 03, 2022
Chapter 373(Extra-10)ယွီချင်းရှီက ရေချိုးလာခဲ့ခြင်းဖြစ်ဟန်ပင်။ ရေစက်ကလေးများက သူ့နဖူးပေါ်ရှိဆံစများတွင် တွဲလွဲခိုနေသည်။ ရေချိုးခန်းဝတ်စုံကိုလျော့ရဲရဲဝတ်ဆင်ထားရာ သူ့ပုံစံက အရိုင်းဆန်ဆန်နှင့်ကြည့်ကောင်းနေလေသည်။
သူတို့နှစ်ဦးမှာနီးကပ်နေသည့်အတွက် ကျန်းရှောင်မန်သူ့ခန္ဓာကိုယ်ရှိအအေးဓာတ်ကို ခံစား၍ပင်ရနေသည်။
"နင်ခုထိရှိနေသေးတာလား...”
ကျန်းရှောင်မန်က သူမမျက်ဝန်းများကိုဟိုသည်အကြည့်လွှဲလိုက်ရင်းပြောသည်။
"ငါ နင့်ကိုစိတ်ပူလို့...”
ယွီချင်းရှီက သူမကိုကျောခိုင်းရင်း အဝတ်ဗီဒိုထံလျှောက်သွားသည်။ ပုံမှန်ဖြူဖျော့သောအသားအရည်မှာ ဆေးအရှိန်ကြောင့် ပန်းရောင်ဖျော့ဖျော့သမ်းနေသည်။
ငါ ပြန်ရုတ်သိမ်းတဲ့ကဒ်သုံးထားတော့ သူအဆင်ပြေလောက်မှာပါ...ဟုတ်တယ်မလား...
ယွီချင်းရှီကျောကတောင့်တင်းသွားကာ သူမအားလှည့်ကြည့်လိုက်သည်။
"နင် ငါအဝတ်လဲတာဒီတိုင်းထိုင်ကြည့်မလို့လား...”
လဲလေ...နင်လဲရဲရင် ငါလည်းကြည့်ရဲတယ်...
"အိုး...နင်အလုပ်များနေတာပဲ...ဒါဖြင့်ငါမနှောင့်ယှက်တော့ဘူးနော်...”
သူမက တံခါးထံသို့ခပ်သွက်သွက်သွားကာ လက်ကိုင်ဘုကိုလှည့်ရင်း အခန်းတွင်းမှထွက်ရန်ပြင်လိုက်စဥ် အေးစက်သောပွေ့ဖက်မှုကြားထဲနစ်မြုပ်သွားခဲ့ရသည်။
ယွီချင်းရှီက သူမအား အနောက်ကနေသိုင်းဖက်လိုက်ခြင်းပင်။ သူ့ကိုယ်ပေါ်မှရေစက်များက ကျန်းရှောင်မန်ကိုယ်ပေါ်သို့ကျရောက်လာသည်။ သူ့အသားများကပူနွေးနေဆဲဖြစ်သော်လည်း အသက်ရှူသံကမူ ပြန်လည်တည်ငြိမ်သွားလေပြီ။
ကျန်းရှောင်မန်၏လည်တိုင်နှင့်ပုခုံးကြားကို ခွေးကလေးတစ်ကောင်ကဲ့သို့ ခေါင်းနှင့်တိုးဝှေ့လိုက်ရင်းပြောလိုက်သည်။
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖