အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်

711 48 0
                                    

Part 342
Sue Xing NwayNovember 28, 2022
Chapter 342

သူမ လျန့်စီယုဆီသို့ လင့်ခ်တစ်ခု ပေးပို့ပြီး ကျောင်းဖိုရမ်၏ မဲပေးကဏ္ဍတစ်ခုသို့ ကလစ်နှိပ်လိုက်သည်။ ထိပ်ဆုံးမှာ  *အနီရောင် ပို့စ်တစ်ခုရှိနေ၏။

(T/N–အနီရောင်ဆိုရင် နာမည်ကြီးတယ် hotဖြစ်နေတယ်ဆိုတဲ့သဘောပါ  )

[မင်းရဲ့စိတ်ထဲက ကျောင်းပန်း/မြက်တွေကို လာရွေးချယ်ပါ]

ဤသည်က စစ်တမ်း ပို့စ်တစ်ခုဖြစ်လေသည်။ ချီမင်း၏ အစဥ်အလာတစ်ခုလည်းဖြစ်သည်ပင်။

သူတို့၏နေ့ရက်များသည် ပျင်းစရာကောင်းလွန်းသည်၊ ထိုသို့အသေးအဖွဲအရာတွင်သာ အပန်းဖြေ စရာတချို့ ရှာတွေ့နိုင်လေသည်။

နှစ်စဉ် ကျောင်းအလှပန်းလေး နှင့် ကျောင်းမြက်ခင်းစိမ်းလေး ရွေးချယ်ရေး ပြိုင်ပွဲက ရောက်လာလေပြီ။

လျှို့ရွှမ်: [စီယု လာ...နင့်နာမည်ပေါ်နေတယ်...နင့်ကို မဲပေးဖို့ ငါ တစ်ညလုံး မအိပ်ဘဲနေခဲ့တာ... အဖေ့နံပါတ်၊ အမေ့နံပါတ်၊ အဖိုးအဖွား၊ အဖွား၊ အဘိုး၊ အစ်ကိုကြီး၊ အစ်မ နံပါတ်တွေ အကုန်လုံးကို ငါ ငှားလိုက်တယ်...နင့်ကို  မဲပေးဖို့ အတွက် သိလား...နင် ချန်ပီယံဖြစ်နိုင်တယ်နော် 】

ဤတစ်ကြိမ်တွင် လျှို့ရွှမ် ပေးပို့သော မက်ဆေ့ချ်သည် မြေကြီးပေါ် ရေသွန်သလိုမဖြစ်ဘဲ  လျန့်စီယုက သူ့မကို မက်ဆေ့ခ်ျကို ပြန်ပို့ခဲ့သည်။

လျန့်စီယု  : [ဒီပန်းတွေနဲ့ နင်ဘာလုပ်နေတာလဲ ...ငါဂရုမစိုက်ဘူး...ပျင်းစရာကောင်းတယ်]

လျှို့ရွှမ်: [ဟေး... နင်နဲ့ထိုက်တန်တယ်လို့ ငါထင်တယ်]

ဤတစ်ကြိမ်၌ ပြန်ပင်ပြေလည်သွားခဲ့၏။

လျှို့ရွှမ် ထိုအခိုက်အတန့်တွင်   စိတ်သက်သာရာရသွားသည်။

လျန့်စီယု  ထိုပို့စ်ကို နှိပ်လိုက်သည်နှင့် သူမ၏နာမည်က လက်ရှိစာရင်း၏ ထိပ်ဆုံးမှာ ရှိနေသည်ကို တွေ့လိုက်ရ၏။  "လျန့်စီယု " အမည်အတွက် ဆန္ဒမဲအရေအတွက်သည် အခြားသူများထက် များစွာကျော်လွန်နေသည်။

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်حيث تعيش القصص. اكتشف الآن