Part 357
Sue Xing NwayNovember 28, 2022
Chapter 357သို့သော် မကြာခင်ပင် လျန့်စီယုက အဆင့်နိမ့်ကျောင်းတွင် စတင်ပျော်ရွှင်လာသည်။ သူမအရင်က စာခိုးချခဲ့ခြင်းကို ဘယ်သူမှမသိကြ။ အားလုံးက သူများကိစ္စအာရုံစိုက်ရန် အလွန်ပင်ပျင်းရိနေကြပုံပေါ်သည်။
တချို့က လည်သာအင်္ကျီများ၊ နားဆွဲများဝတ်ဆင်ထားပြီး ဆံပင်အဝါရောင်ဆိုးထားသူများပင်ရှိသည်။
သောက်ရမ်းလန်းတာပဲ...တစ်ယောက်ယောက်စီစဥ်ပေးတဲ့အတိုင်း လိုက်လုပ်နေစရာမလိုတော့ဘူး...
လျန့်စီယုက ရေကန်ထဲမှလွတ်လာသည့်ငါးတစ်ကောင်းလိုပင် အလွန်မြူးထူးနေသည်။ သူမအနေဖြင့် လူတိုင်းကျေနပ်အောင် နေထိုင်ရန်မလိုတော့ချေ။
ညံ့ဖျင်းသောအဆင့်များအတွက်ရော စာမေးပွဲမှာတစ်လုံးမှမရေးနိုင်မှာကိုပါ သူမ စိုးရိမ်နေစရာမလိုတော့ပေ။ ဤနေရာတွင် လူတိုင်းက အတူတူတွေချည်းဖြစ်သည်။
လျန့်စီယုက အဆိုပါကျောင်းတွင် အမှတ်ကောင်းကောင်းရအောင် ဖြေဆိုနိုင်ခဲ့၏။
အကယ်၍ ချင်းမင်မှာဆိုပါက သူမ၏ရမှတ်များကြောင့် ရုံးခန်းခေါ်၍အဆူခံရမှာဖြစ်သော်လည်း ၌ကျောင်း၌မူ သူမ၏အတန်းဖော်များက သူမအား ဉာဏ်ကြီးရှင်တစ်ယောင်အဖြစ် သတ်မှတ်ကြလေသည်။
လျန့်စီယုက သူမကိုယ်သူမအလွန်ဂုဏ်ယူမိသည်။
တစ်ချိန်ထဲမှာပင် စနစ်သည်လည်း ပျောက်ကွယ်သွားခဲ့၏။ စနစ်နှင့်သူမက အချိန်အတော်ကြာ အဆက်အသွယ်ပြတ်သွားခဲ့ပြီး စနစ်က ပိုင်ရှင်အားသေဆုံးသွားသည်ဟု သတ်မှတ်လိုက်သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားလေသည်။
လျန့်စီယုက စနစ်မရှိတော့သည်ကိုသိသိခြင်းတွင် အလွန်လန့်သွားကာ ငိုခဲ့သည်။
သို့သော် အရင်တစ်ခါကိစ္စဖြစ်ပြီးကတည်းက အဆိုပါစနစ်မှာ အမှိုက်တစ်ခုထက်မပိုတော့ချေ။
ထိုစဥ် ကျန်းရှောင်မန်၏စိတ်ထဲတွင် စနစ်၏အသံထွက်ပေါ်လာသည်။
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖