Part 377
Sue Xing NwayDecember 03, 2022
Chapter 377(Extra-14)ယွီချင်းရှီက ကျန်းရှောင်မန်မှလွဲ၍ တခြားလူများနှင့်စကားပြောခဲလေသည်။ ယဲ့ကျားကျား၊ကျန်းရှင်းဟွားတို့နှင့် တပူးပူးတတွဲတွဲရှိနေစဥ်ကပင် စကားသိပ်မပြောချေ။ ယခုမူ တခြားလူများနှင့်ရောက်တတ်ရာရာပြောဆိုခြင်းမှာ လက်မခံနိုင်စရာမဟုတ်မှန်းတွေ့ရှိသွားသည်။
ကျန်းရှင်းဟွားက မေးကိုပွတ်ကာစဥ်းစားလိုက်ရင်း
"ငါ့အမြင်ပြောင်းသွားတာထင်တယ်...မင်းကိုကြည့်ရတာ အရင်နဲ့မတူတော့ဘူး...”
ယွီချင်းရှီက လျှို့ဝှက်စွာပြုံးလိုက်ရင်း မရှင်းမလင်းပြောသည်။
"မှားတယ်...မင်းကသာအထီးကျန်နေတဲ့တစ်ယောက်ပဲ...”
"…”
ဟမ်....
ကျန်းရှင်းဟွားက ယွီချင်းရှီထံမှဤကဲ့သို့ဝေဖန်ခံလိုက်ရသည်ကို မယုံနိုင်အောင်ဖြစ်နေသည်။
သို့သော် လူကဝသည့်အလျှောက် နှလုံးသားကလည်းကြီးမားပေသည်။ ကျန်းရှင်းဟွားက ဒီအတိုင်းသာလက်ခံလိုက်ပြီး ဆက်တွေးမနေတော့ချေ။
ကောင်မလေးနှစ်ယောက် စျေးဝယ်ထွက်ခြင်းပြီးဆုံးသွားသည့်အခါ လေးယောက်သားစားသောက်ဆိုင်သို့အတူတကွသွားကြသည်။
လေးယောက်အတူတကွထိုင်လိုက်သည့်အခါ ကျန်းရှောင်မန် ကိုယ့်ကိုယ်ကိုယ်ပြန်ငယ်သွားသလို ခံစားလိုက်ရ၏။
သူတို့တွေက မူလတန်းကတည်းကအတူတူရှိလာခဲ့ခြင်းဖြစ်သည်။ ကျန်းရှောင်မန်က အလယ်တန်းတွင် ဆုများစွာဆွတ်ခူးနိုင်ခဲ့၏။ သူမက ဆုရသည့်အချိန်တိုင်း သူမ၏သူငယ်ချင်းများကိုခေါ်ကာ မုန့်အတူထွက်စားလေ့ရှိသည်။
"အချိန်တွေကုန်တာမြန်လိုက်တာ...ငါတို့ကမျက်တောင်တစ်ခတ်အတွင်း အသက်ကြီးလာကြတာပဲ...ငယ်ငယ်ကလေ ကျားကျားငိုရင်နှပ်ချေးတွေက သူ့ကျစ်ဆံမြှီးပေါ်ပေကုန်ရော...”
"ကျန်းရှင်းဟွားကတော့ အစားအရမ်းသောင်းကျန်းတာ...အတန်းထဲမှာမုန့်ခိုးစားလို့ခဏခဏအပြစ်ပေးခံရတာလေ...ယွီချင်းရှီကတော့ အစားအရမ်းနည်းလွန်းတယ်...သူမစားချင်တာအကုန် ငါ့ပန်းကန်ထဲထည့်ပေးတာဟေး...ဥပမာ ကြက်ခြေထောက်ကြော်ပေါ့...”
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖