chapter 349

543 46 0
                                    

Part 349
Sue Xing NwayNovember 28, 2022
Chapter 349

ဆိုင်မှာ လူတွေအများကြီးရှိနေပြီး အထဲမှာလည်း လူတွေ ရှိလေသည်။ ဝင်ဝင်ချင်းပင်  သင်းပျံ့သည့်မွှေးရနံ့ကို ရနိုင်မှာပင်။

ကျန်းရှောင်မန်၏ မျက်လုံးများ တောက်ပလာပြီး ပြောလိုက်သည်။

"အသားစားချင်တယ်..."

ယွီချင်းရှီက ပုံမှန်အတိုင်း မှတ်ချက်တစ်စုံတစ်ရာမပြု ခဲ့ဘဲ လိမ်လိမ်မာမာဖြင့်  သူ့ဘာသာသူ နေရာတစ်ခုသွားရှာခဲ့သည်။

စားပွဲကို သုတ်ကာ တစ်ရှူးအစိုဖြင့်ထပ်သုတ်ပြီးနောက် ကျန်းရှောင်မန်ကို လာထိုင်ခိုင်းလိုက်၏။

ကျန်းရှောင်မန်က အသားအများကြီးနှင့် ဘီယာနှစ်ပုလင်းကို မှာထားပြီး အသစ်တစ်ခုခု စမ်းကြည့်မည်ဟုသူ့ကို ဆိုလေသည်။

အမှန်တွင်  သူတို့နှစ်ယောက်လုံး ဘီယာမသောက်ဖူးကြပေ။

ယွီချင်းရှီ  ခေါင်းစကိုက်လာသည်။ အကြောင်းမှာ  ကျန်းရှောင်မန် ရူးသွားပါက သူ  သူမကို မထိန်းချုပ်နိုင်၍ပင်။

ထောင့်စွန်းဝိုင်းရှိ မျက်လုံးနှစ်စုံက ကျန်းရှောင်မန်  နှင့် ယွီချင်းရှီတို့ကို မီးဟုန်းဟုန်းတောက်နေသော မျက်လုံးများဖြင့် စူးစူးဝါးဝါး စိုက်ကြည့်ကြ၏။

အသားကင်ဆိုင်ရှိ ဝိုးတဝါး မီးရောင်အောက်တွင် တောက်ပစွာ ပြုံးနေသော ကျန်းရှောင်မန်က ရံဖန်ရံခါ သူမကို နွေးထွေးမှုအနည်းငယ်ရှိပြီး အေးစက်မှုတို့ကင်းမဲ့စွာဖြင့် ပြောဆိုလျက်ရှိသည့် ကျောင်းသားသစ်နှင့်  စကားပြောနေလေသည်။

အရာရာတိုင်းက  အလွန်သဟဇာတဖြစ်နေဟန်ပင်။

သူမ ကျန်းရှောင်မန်  နားမလည်နိုင်လျှင်ပင် လျှို့ရွှမ် ဤမိန်းမက တကယ်ကို ကောင်းမွန်သည့်အသားအရည်နှင့်အတူ မွေးဖွားလာခဲ့ပြီး  လျန့်စီယုထက်ပိုလှပကြောင်းဝန်ခံရပေမည်။

လိုက်ဖက်ညီတာပဲ...

သူမ ရုတ်တရက် စိတ်သက်သာရာ ရသွားသော်လည်း ချဥ်တော့ချဥ်နေတုန်းပင်။

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Where stories live. Discover now