အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်

599 45 0
                                    

Part 339
Sue Xing NwayNovember 28, 2022
Chapter 339

နောက်ပိုင်း ဘာဖြစ်သွားလဲဆိုသည်ကား ပြောစရာပင် မလိုတော့ပါချေ။

ယွီချင်းရှီ  သူ့တွင် အမှန်တကယ် ဆိုးရွားသော အတွေးတစ်ခု ရှိနေနိုင်သည်ဟု ခံစားရသည်။

သို့ပေမဲ့  သူ့ကိုယ်သူ ပြစ်တင်ရှုံ့ချနေချိန်၌ပင် အင်မတန်ထင်ယောင်ထင်မှားဖြစ်စေသော တိတ်တခိုး ပျော်ရွှင်မှုတစ်ခုလည်းရှိနေ၏။

အိပ်မက် နှင့် ပြစ်တင်ရှုံ့ချခြင်း သည် သူ့ကိုအမဲဖျက်လုနီးပါး ၊ ထို့နောက် ... ယွီချင်းရှီ၏ ဘောင်းဘီ စိုစွတ်လာသည် ။

အေးစက်နေသော ခန္ဓာကိုယ်ဖြင့် ယွီချင်းရှီ   ချက်ချင်း မျက်လုံးဖွင့်ကာ ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်လိုက်၏။

သူက တကယ့်ကို လူယုတ်မာပဲ...! ! !

ယွီချင်းရှီ  က သူ့ကိုယ်သူ ပါးရိုက်လိုက်ပြီး အိပ်ယာနှင့် ဘောင်းဘီကို ထပ်ထိမိလိုက်ချိန်တွင် သူ့မျက်နှာ ချက်ချင်းပြောင်းသွားသည်။

သွားပြီ...

ဒီလိုအရာမျိုးကို သူဘယ်လိုများ လုပ်နိုင်ခဲ့တာရလဲ...

ကျန်းရှောင်မန်ကို ဘယ်လိုပြောရမလဲ...

အဘွားကို ဘယ်လိုပြောမှာလဲ...

ယွီချင်းရှီ  ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။

မနက်ငါးနာရီထိုး၌ ယွီချင်းရှီ   သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး ငါးကြင်းကို ချက်ချင်းရိုက်ကာ ရေချိုးခန်းထဲကို အမြန်လျှောက်သွားသည်။

အဘွားကို မြင်ခွင့်မပေးနိုင်ဘူး...ကျန်းရှောင်မန် ကိုလည်း မြင်ခွင့်မပေးနိုင်ဘူး...

ယွီချင်းရှီ  သူ၏ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို ဖုံးကွယ်ထားခြင်းကြောင့် အလွန်အပြစ်ရှိသလိုခံစားခဲ့ရသည်။ မနက်ငါးနာရီတွင် သူသည် အလွန် သတိကြီးကြီးထားကာ... အိပ်ယာခင်းများကို ဆေးကြောပြီး ဘောင်းဘီများကို လျှော်ဖွပ်ခဲ့၏။

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Où les histoires vivent. Découvrez maintenant