Part 402
Sue Xing NwayDecember 03, 2022
Chapter 402(Extra-39)နေ့လည်ခင်းတွင် ရာသီဥတုက ပူပြင်းပြီး မည်သည့်ကလေးမဆို အိမ်ထဲတွင်နေကာ အပြင်မထွက်ချင်ကြပေ။ လယ်ကွင်းထဲတွင်အလုပ်လုပ်နေသည့် လူကြီးများပင်လျှင် အပူဆုံးအချိန်တွင် အလုပ်ရပ်ကာ သစ်ပင်အရိပ်အောက်တွင် အပူရှောင်ကြလေသည်။ အပူဆုံးအချိန်ကိုရှောင်ပြီးမှ အလုပ်ဆက်လုပ်ကြလေသည်။
ထို့ကြောင့်ကလေးနှစ်ယောက်ထွက်ပေါ်လာခြင်းက လူတိုင်း၏အာရုံကိုဆွဲဆောင်သွားခဲ့လေသည်။
"ကျန်းယွဲ့နဲ့ ကျန်းရှင်း... ဘာလာလုပ်ကြတာလဲ...."
"အမေ့အတွက် အစားအသောက်တွေလာပို့တာလား..."
"မတွေ့တာခဏပဲရှိသေးတယ် အတော်ထွားလာကြတာပဲ...."
လူတိုင်းက တွတ်ထိုးကာသူတို့ကိုပြောနေကြလေသည်။
ကျန်းရှင်းက သတ္တိမရှိရှာသည့်ကောင်လေးပင်။သူ့အစ်မနောက်တွင်ပုန်းနေကာ ခေါင်းလေးပြူထွက်နေပြီး ဘာမှမပြောရဲပေ။ကျန်းယွဲ့ကသာ ပြောလိုက်သည်။
"သမီးက အမေ့ကိုစပါးကူကောက်ပေးမလို့ပါ...."
စပါးခြွေချိန်တွင် အချို့စပါးစေ့များဘေးသို့ပြုတ်ကျလေ၍ ကောက်ရန်လိုအပ်လေသညခ။ ၎င်းက အချိန်ကုန်သည့်အပြင် အသေးစိတ်လုပ်ရသော်လည်း အလုပ်ရမှတ်အများကြီးမရ၍ လူအနည်းငယ်သာလုပ်ကြလေသည်။ ကလေးနှစ်ယောက်ပြောသည်ကိုကြားသည်နှင့် လူကြီးများအားလုံး တိတ်ကျသွားသည်။ မူလက သူတို့ကို ငယ်လွန်းသေး၍ အများကြီးလုပ်နိုင်မည်မဟုတ်ဟုပြောချင်သော်လည်း ကျန်းမိသားစု၏ယခုလက်ရှိအခြေအနေက အလွန်ဆိုးရွားနေကြောင်း သတိရသွားလေပြီး ဤနေ့များတွင်ကျန်းဟွေ့မိန်၏ကြိုးစားနေမှုကို မြင်ပြီးနောက်တွင် ဘာစကားမှပြောမထွက်တော့ချေ။
လူအချို့က လယ်ကွင်းများဘက်ကိုညွှန်ပြလိုက်သည်။
"ဟိုနေရာမှာလေ...အဲ့မှာစပါးခြွေနေကြပေမဲ့ ဘယ်သူမှမကောက်ကြသေးဘူး... သမီးတို့သွားကောက်လို့ရတယ်... အဖွဲ့ခေါင်းဆောင်ကိုသတင်းပို့ပြီး သမီးတို့ရဲ့အလုပ်ရမှတ်ကိုမှတ်ထားပေးခိုင်းဖို့မမေ့နဲ့နော်..."
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖