chapter 348

717 56 0
                                    

Part 348
Sue Xing NwayNovember 28, 2022
Chapter 348

ကျန်းရှောင်မန်   သူမကျောင်းလွယ်အိတ်နှင့် စာရေးကိရိယာတွေကို သိမ်းပြီး ယွီချင်းရှီ  ကို သူမနှင့် အိမ်ပြန်ရန်ခေါ်လိုက်၏။

လမ်းတွင် ကျန်းရှောင်မန် ယွီချင်းရှီအတွက်ပါ ပြန်လည်ရုပ်သိမ်းရေးကတ်တသ်ကတ်ကိုအသုံးပြုခဲ့သည်။

တစ်ဖက်လူက အထိတ်အထိတ်အပျာပျာနှင့် တခြားသူတွေကိုပါ တိုက်ခိုက်မှာကို စိုးရိမ်၍ပင်။

ယခု ယွီချင်းရှီက အတန်းထဲတွင် ပထမမျှော်လင့်ချက်ဖြစ်၏။

ယွီချင်းရှီက ဒါကို သတိထားပုံရပြီး ရုတ်တရက် သူမကို ခေါင်းလှည့်ကာ ကြည့်လာပြီးမေးလေသည်။

"ဘာဖြစ်နေတာလဲ......"

“မဟုတ်ဘူး… ဘာမှမဟုတ်ပါဘူး...."

ကျန်းရှောင်မန်  အပြစ်ရှိစိတ်ဖြင့် မျက်လုံး ဖွင့်လိုက်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

" ငါ နည်းနည်း စိတ်ရှုပ်နေတယ်...အဆင်မပြေဘူး...နင်နေမကောင်းရင် အိမ်မြန်မြန်ပြန်လေ...ငါဖြည်းဖြည်းမှလိုက်လာမယ်....."

ယွီချင်းရှီ  ဒီနေ့ သူမ ရုတ်တရက်ကြီးခုံနှင့်ဆောင့်မိသည့် အခိုက်အတန့်ကို တွေးကာ စိုးရိမ်သွားပြီး မျက်ခုံးများတွန့်ချိုးလာသည်။ ကျောင်းလွယ်အိတ်၏သိုင်းကြိုးကို ကိုင်ထားသည့်လက်သည် တောင့်ခံနေရသလိုမျိုး အပြာရောင်သွေးကြောများ တဖြည်းဖြည်းထလာ၏။

သူမ၏ နှုတ်ခမ်းများ အနည်းငယ် ဖြူဖျော့နေသည်ကို မြင်ရခြင်းက  တကယ်ကို စိတ်မသက်မသာ ဖြစ်စေသည်။

ရုတ်တရက် ယွီချင်းရှီက ကျန်းရှောင်မန့်ရှေ့မှာ ထိုင်ချလိုက်ပြီး ပြောလိုက်သည်။

"တက်..."

"အမ်...ဟမ်..."

"လာ...  ငါ နင့်ကို အိမ်ပြန်ပို့ပေးမယ်"

"ငါ့ဘာငါ သွားလို့ရပါတယ်..."

"တက်ခဲ့...."

သူ့ပါးစပ်က လေသံက အလွန်ခိုင်မာနေ၏။ သူက ခေါင်းမာမာဖြင့် ငုတ်တုတ်ထိုင်နေဆဲဖြစ်ပြီး လုံးဝမည့်ဟန်မရှိပေ။

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Where stories live. Discover now