chapter 343

652 43 0
                                    

Part 343
Sue Xing NwayNovember 28, 2022
Chapter 343

ကြွက်ကလည်း ကြောက်လန့်တကြား ပတ်ပြေးပြီး လူတွေကလည်း ကြောက်လန့်တကြားပတ်ပြေးနေသည်။

ခဏအကြာ၌ လူတွေကပဲ ကြွက်ကို ပိုကြောက်သလား သို့မဟုတ်  ကြွက်တွေကပဲ လူကို ပိုကြောက်သလား မပြောနိုင်တော့ပေ။

တချို့လူတွေက ကြွက်တွေကိုဖမ်းချင်သော်လည်း ရှေ့ကိုမလှမ်းဝံ့ကြချေ။ သူတို့က ရှေ့တိုးလိုက်နောက်ဆုတ်လိုက်ဖြင့်  အထင်းသားဖြစ်နေ၏။

ကျန်းရှောင်မန် သက်ပြင်းချလိုက်ပြီး စင်မြင့်အောက်ကနေ သူမ၏နေ့စဉ်ဝတ်လက်အိတ်ကို ထုတ်ကာ ကျယ်ကျယ်ပြောလိုက်တော့သည်။

"လမ်းဖယ်ပေးကြပါ ...ငါလာမယ် ...."

သူမ၏လေသံက အေးဆေးတည်ငြိမ်လွန်းပြီး ကိုယ်ဟန်အနေအထားက အရမ်း ခံ့ညားပုံပေါ်သည့်အတွက်  လူတိုင်းက ဘေးကို ထွက်သွားကြပြီး အများစုက စာသင်ခန်းထဲက ထွက်သွားကြ၏။

စာသင်ခန်းက ဗလာဖြစ် သွားပြီးနောက် ကျန်းရှောင်မန်   ကြွက်ကို အမြီးကနေ ကိုင်ဖမ်း လိုက်ပြီး မြှောက်လိုက်သည်။

  “အိုခေ... ကြွက်ကို ဖမ်းလိုက်ပြီ...မကြောက်ကြနဲ့... ငါ နင်တို့ကို ကာကွယ်ပေးမယ်...”

အိုး သူရဲကောင်းပဲ ...သူရဲကောင်း...

လက်ဗလာဖြင့် ကြွက်ကို ဖမ်းသော စစ်သည်တော်...

အတန်းခေါင်းဆောင်၏ ဦးဆောင်မှုနှင့်အတူ အတန်း(8)ရှိလူတိုင်းက ကျန်းရှောင်မန်ကို လက်ခုပ်တီးကာအားပေးကြပြီး သူမကို တဖိတ်ဖိတ်တောက်နေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။

ဤအခိုက်အတန့်တွင် ကြွက်ကို အနိုင်ယူခဲ့သော ကျန်းရှောင်မန်သည် သူတို့၏စိတ်ထဲတွင်  မဟာသူရဲကောင်းနှင့် စစ်သည်တော်ဖြစ်သည်။

သူမက အရမ်းရဲရင့်တယ်... လုပ်နိုင်စွမ်းရှိတယ်...သတ္တိရှိတယ်...

သူမကသာ ခေါင်းဆောင်... သူမကသာ အရာရာတိုင်းပဲ...

စွန်းမိုက်တယ်...

မည်သို့ပင်ဖြစ်စေ ၊ဤကဲ့သို့သော အရာကို မကြောက်သူမည်သူရှိပါမည်နည်း

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Where stories live. Discover now