Part 341
Sue Xing NwayNovember 28, 2022
Chapter 341လျှို့ရွှမ်က ဘာဖြစ်သွားမှန်း မသိသောကြောင့် လျန့်စီယုနှင့်အတူ ဆင်းသွားရုံသာတတ်နိုင်သည်။ သူငယ်ချင်းကောင်းတစ်ယောက်အနေဖြင့် သူမ၏ဒေါသကို ဖြေဖျောက်ပေးရန်အတွက် လျှို့ရွှမ် ကားမောင်းသူကြားနိုင်လောက်သည့် လေသံကို တမင်တကာ ထိန်းထားသလိုပြောလိုက်သည်။
“ဘယ်လိုဝန်ထမ်းမျိုးလဲ...သေးမပေါက်ခင်ကိုယ့်ဘာကိုယ်အရင်ပြန်ကြည့်ဦး... ဒီတောင်းဆိုချက်လေးကိုတောင် သဘောမတူနိုင်ဘူးတဲ့... ဒီလို ဒရိုင်ဘာက ဘာသုံးစားရမှာလဲ... အလုပ်ထုတ်လိုက်တာ ပိုကောင်းတယ်...."
လျန့်စီယုက သူမလက်ကိုဆွဲလိုက်ပြီးပြောလိုက်သည်။
"မေ့လိုက်ပါ... သွားကြရအောင်...."
လူကြီးတစ်ယောက် ဗီလိန်၏အတိတ်ကို မမှတ်မိသည်နှင့်တူလေသည်။
“စီယု...နင်က အရမ်းကြင်နာတတ်တာပဲ...ဒါကိုအတိတ်မှာပဲထားခဲ့သင့်တယ်... သခင်ကို လှည့်ဖြားတဲ့ ကျွန်ဆိုးလို့ခေါ်ရမှာ..
ဘာသခင်မလေးလဲ... ဒါက အဓိပ္ပာယ်မရှိဘူး မဟုတ်လား...နင့်အပြင် တခြားဘယ်သူရှိသေးလို့လဲ ငါသိချင်လိုက်တာ.... ဒါက နင့်ကို သက်သက်အနိုင်ကျင့်နေတာပဲ မဟုတ်လား... သူလေထဲကနေ သခင်မလေးတစ်ယောက်ဆွဲထုတ်နိုင်မလား ငါကြည့်ချင်သေးတယ်..."
လျှို့ရွှမ် ထွက်မသွားနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ဒရိုင်ဘာဆိုသည်မှာ အလုပ်အများကြီးလုပ်ကိုလုပ်ရမှာဖြစ်သည်ကို အလုပ်မလုပ်ချင်ဘူးဟု သူမယူဆသောကြောင့်ပင်။
လျန့်စီယု အလွန်စိုးထိတ်နေသဖြင့် သူမမျက်လုံးများနီရဲနေပြီး ဤငတုံးမကို ပါးသာ ဆွဲရိုက်ပစ်ချင်၏။
နှစ်ယောက်သား ရုန်းကန်ရင်း လျှို့ရွှမ်က လျန့်စစ်ယုအတွက် တရားမျှတမှုကို ရှာဖွေရန် တွေးနေချိန်၌ သူတို့နားကနေ လူနှစ်ယောက် ဖြတ်သွားပြီး ကားတံခါးကို ဖွင့်ကာ ဝင်သွားကြသည်။
ကျန်းရှောင်မန်က ပြော၏။
"ဒီနို့လက်ဖက်ရည်က အရသာရှိတယ်နော် ...."
ŞİMDİ OKUDUĞUN
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
Genel Kurguအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖