chapter 370

605 44 1
                                    

Part 370
Sue Xing NwayDecember 03, 2022
Chapter 370(Extra-7)

"ဧည့်သည်တွေနဲ့အတူ မင်္ဂလာသေရည်ခွက်တိုက်ဖို့တောင်အားမရှိတော့ဘူး...ပင်ပန်းလိုက်တာ...”

"သူတို့မင်းကိုအတင်းသောက်ခိုင်းရင် ကိုယ့်ကိုခေါ်လိုက်နော်...”

ထောင်ထောင်က ကျန်းရှင်းအား မင်္ဂလာသေရည်အများကြီးမသောက်ရန်မှာကြားသည်။ ကျန်းရှင်းကလည်း ခေါင်းတညှိတ်ညှိတ်နှင့် နားထောင်ရှာ၏။ သို့သော် သူတို့အဝတ်လဲခန်းမှထွက်လိုက်သည်နှင့် လူများဝိုင်းအုံလာကာ ကျန်းရှင်းအားခေါ်သွားကြလေသည်။ ကျန်းရှင်းက ​သူ့လုပ်ငန်းမှညီအကိုများ၏လက်တွင်းသို့ ကျရောက်သွားခဲ့၏။

ထိုစဥ် ယွီချင်းရှီက သူဖမ်းမိလာခဲ့သည့်ပန်းစည်းကို ကျန်းရှောင်မန်အားပေးရန်ပြင်ဆင်​နေသည်။

ပန်းစည်းက ရှန်ပိန်ရောင်နှင်းဆီများနှင့်ပြုလုပ်ထားပြီး ရနံ့သင်းပျံ့လျှက်ရှိလေသည်။ ကျန်းရှောင်မန်ထံမှဖြာထွက်နေသည့်အလှတရားနှင့် အလွန်လိုက်ဖက်ညီနေမှာပင်။

ကျန်းရှောင်မန်က သူမမျက်နှာ​လေးအား နူးညံအိထွေးသွားစေသည့် မိတ်ကပ်ပါးပါးလိမ်းခြယ်ထားသည်။ သတို့သမီးမိတ်ကပ်နှင့်ယှဥ်ပါက အနည်းငယ်မှိန်ဖျော့နေသော်လည်း သူမအားကြည့်မိသူတိုင်းက အကြည့်မလွှဲနိုင်ပေ။ လှိုင်းတွန့်သဏ္ဍာန် ဆံနွယ်များကို ကျောနောက်တွင်ကျောက်ကလစ်နှင့် လျော့ရဲရဲစည်းနှောင်ထားသည်။

ယွီချင်းရှီသူမအား အကြိမ်အနည်းငယ်စိုက်ကြည့်ရင်း နားရွက်ကလေးများနီရဲလာသည်။ ကျန်းရှောင်မန်က သူ့လက်ထဲရှိပန်းစည်းကိုကြည့်ရင်း ဝိုး ဟုရေရွတ်လိုက်သည်။ သူမက လက်ဆန့်တန်းကာ

"ငါ့ကိုပေး...”

"အင်း...”

ယွီချင်းရှီက ပန်းစည်းကို သူမလက်တွင်းသို့ထည့်ပေးလိုက်သည်။

ကျန်းရှောင်မန် ပန်းစည်းကိုကြည့်ရင်း အဆိုပါပန်းစည်းနောက်ရှိအဓိပ္ပါယ်ကိုပါ တွေးမိသွားသည်။ သူမက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ရင်း

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Where stories live. Discover now