chapter 360

656 53 0
                                    

Part 360
Sue Xing NwayNovember 28, 2022
Chapter 360

ကျန်းရှောင်မန်က အခန်းတွင်းရှိအပူပေးစက်ကိုဖွင့်လိုက်၏။ ထိုအခါ ဂွမ်းစောင်နှင့်ရစ်ပတ်ခံထားရသော ယွီချင်းရှီကပူအိုက်လာ၏။

“ငါ့ကိုလွှတ်ပေး…”

သူမက သူ့ကိုဖက်လုံးလိုခွထားတယ်...

ကျန်းရှောင်မန်...မကောင်းဆိုးဝါးလေး...

သူ့နဖူးပေါ်ရှိ ချွေးသီးချွေးပေါက်များကိုတွေ့သည့်အခါ ကျန်းရှောင်မန် သူ့ကိုလွှတ်ပေးလိုက်၏။

ယွီချင်းရှီ စိတ်သက်သာရာရသွားသည်။ သူ့နှလုံးသားက ဒရမ်ကဲ့သို့အကြောင်းရင်းမရှိခုန်ပေါက်နေလေသည်။

ကျန်းရှောင်မန်နှင့်အတူတူရှိနေပါက အချိန်တိုင်းရိုလာကိုစတာစီးနေရသကဲ့သို့ပင်။ သူ့နှလုံးခုန်သံက အလွန်မြန်ဆန်လာတတ်လေသည်။

ယွီချင်းရှီက အိပ်ယာနှင့်ဝေးဝေးတွင်သွားရပ်လိုက်၏။

“နင်ဒီညပြန်မလို့လား...”

ယွီချင်းရှီစဥ်းစားလိုက်သည်။ သူ၏ ရုတ်တရက်ထွက်ပေါ်လာမှုက ဝမ်အိမ်မှလူကြီးများကို အလန့်တကြားဖြစ်သွားစေမှာပင်။

ကျန်းရှောင်မန်အဆူခံရမည်ကို သူ မလိုလား။

ထို့ကြောင့် သူမအား ငြင်းဆန်ရန်ပြင်လိုက်စဥ် တစ်စုံတစ်ယောက်က တံခါးကိုခပ်ပြင်းပြင်းခေါက်လာလေသည်။

“ကျန်းရှောင်မန်...နင်ဒီမှာရှိမှန်းငါသိတယ်...ထွက်လာခဲ့...”

အသံက စူးရှနေကာ အသံပိုင်ရှင်မှာစိတ်တိုနေဟန်ရ၏။ လျန့်စီယုပြန်လာခြင်း​ဖြစ်သည်။

ယွီချင်းရှီက သူ့အား လျန့်စီယုတွေ့မှာစိုးရိမ်သွားကာ တုန်လှုပ်နေသောယုန်ပေါက်ကလေးကဲ့သို့ လေသာဆောင်မှအလျှင်အမြန်ဆင်းပြေးတော့သည်။

သူ၏လှုပ်ရှားပုံမှာ တက်လာသည့်အချိန်ကအတိုင်းပင် လျှင်မြန်လွန်းသဖြင့် ကျန်းရှောင်မန်ဘာမှပြောချိန်မရလိုက်ပေ။

ခဏအကြာတွင် ကျန်းရှောင်မန်သတိပြန်ဝင်သွားကာ လျန့်စီယုအားတံခါးဖွင့်ပေးလိုက်၏။

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Место, где живут истории. Откройте их для себя