chapter 366

549 45 0
                                    

Part 366
Sue Xing NwayDecember 03, 2022
Chapter 366(Extra-3)

ယွီချင်းရှီက သူမအသားကိုမထိမိစေအောင်ဂရုစိုက်ရင်း ဆံနွယ်များကိုတဘက်နှင့်အသာအယာသုတ်ပေးလိုက်သည်။ သူက ရှောင်မန်၏မျက်နှာလေးထံ အမှတ်တမဲ့အကြည့်ရောက်သွားသည်။

ကျန်းရှောင်မန်က မျက်ဝန်းများမှိတ်ကာ သူ၏ဝန်ဆောင်မှုကို အေး​အေးလူလူခံယူနေလေသည်။ သူမ၏မျက်တောင်ရှည်များက ယပ်တောင်တစ်ချပ်သဖွယ် ပြန့်ကားလျှက်ရှိသည်။ နှာတံလေးကစင်းကျနေကာ နူးညံ့ပုံပေါ်နေ၏။ ပါးလျသောနှုတ်ခမ်းများကမူ နှင်းဆီရောင်သမ်းနေသည်။

သူမ အလွန်လှသည်။ ဘယ်နှစ်ကြိမ်ကြည့်ကြည့် မရိုးနိုင်အောင်လှသည်။ စကားပြောလျှင်လည်း သူမအသံလေးက နားဝင်ချ်ိုလှသည်။ တစ်ခါတစ်ရံ ကလေးတစ်ယောက်လိုသူ့အားဆိုးနွဲ့သည့်အခါ ယွီချင်းရှီခမျာ့ အရည်ပျော်ကျလုနီးပါးပင်။

ယွီချင်းရှီ၏လက်များ ရပ်တန့်သွားသည်။ သူက သူမအရှေ့သို့ သွားရပ်လိုက်၏။

ကျန်းရှောင်မန်၏မျက်ဝန်းများပွင့်လာကာ သူ့အားမေးလိုက်သည်။

"ဘာဖြစ်လို့လဲ...”

ယွီချင်းရှီက သူမ၏ခြောက်သွေ့သွားသောဆံနွယ်စလေးကို နားရွက်နောက်သို့သပ်တင်ပေးလိုက်သည်။

"ရှောင်မန်...ငါ...ငါတွေးနေတာ...”

"ဘာလဲ...”

"ငါတို့က တွဲနေတာမဟုတ်လား...”

ကျန်းရှောင်မန်က သူမ၏ ဒူးနှစ်ဖက်ကိုကွေးကာလက်ဖြင့်ပိုက်လိုက်ရင်း သူ့ကိုမော့ကြည့်လိုက်သည်။

"ဘာတွေလျှောက်တွေးနေတာလဲ...ငါနင့်ကိုမစွန့်ပစ်ပါဘူး...”

"မဟုတ်ဘူး...ငါပြောချင်တာက...”

ယွီချင်းရှီစကားခဏရပ်ကာ သတ္တိမွေးလိုက်သည်။

"ငါနင့်ကိုနမ်းရင် နင်စိတ်မဆိုးဘူးမဟုတ်လား...”

ကျန်းရှောင်မန် ရှက်သွေးဖြာသွားကာပြောလိုက်သည်။

"ဟင်...အင်းပေါ့...”

ယွီချင်းရှီကရုတ်တရက် သူမ၏မေးဖျားကိုနမ်းရှိုက်လိုက်သည်။

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Donde viven las historias. Descúbrelo ahora