Part 354
Sue Xing NwayNovember 28, 2022
Chapter 354အတန်း ၁၂ရှိ လျန့်စစ်ယွီက ဘာဖြစ်လို့ဖြစ်မှန်းမသိချေ။ ဆရာက ဂုဏ်ပြုလက်မှတ်လာပေးခြင်း သို့မဟုတ် သတင်းကောင်းလာပြောခြင်းမျိုးမရှိပဲ ဒီအတိုင်းသာလျစ်လျူရှုထားလေသည်။
လျှို့ရွှမ်က အတန်း ၁၂ သို့ရောက်လာချိန်တွင် လျန့်စစ်ယွီ ဂနာမငြိမ်ဖြစ်နေလေသည်။
စနစ်က သူမအား ဘောနပ်စ်မပေးသေးချေ။
စနစ်နှင့်သူမကြားရှိခဲ့သည့် အာမခံချက်များမှာ ယခုအခါအသုံးမဝင်တော့ချေ။
လျန့်စီယု ထိတ်လန့်သွားခဲ့၏။ သူမတွင် စနစ်မရှိတော့ပါက ဘာဆက်လုပ်ရမှန်းမသိ။
လျှို့ရွှမ်က ပြတင်းပေါက်နားတွင်ထိုင်နေသော လျန့်စီယုအနားကပ်ကာ ပြောသည်။ သူမနာမည်ကို နှစ်ကြိမ်သုံးကြိမ်လောက် ခေါ်လိုက်ရ၏။
“ဘာတွေတွေးနေတာလဲ...ခေါ်နေတာကြာလှပြီ...”
လျန့်စီယုက သူမကိုယ်သူမ ယုံကြည်ချက်အလွန်မြင့်မားသည်။ အကယ်၍ ယွီချင်းရှီသာပထမရပါက သူမ၏ရလဒ်သည်လည်း ဆိုးဝါးမည်မဟုတ်ဟု လျို့ရွှမ်ယူဆထားသည်။
“နောက်ဆုံးတစ်ခေါက်ပြိုင်ပွဲမှာတုန်းက အမှတ်ဘယ်လောက်ရခဲ့လဲသိပြီလား...ယွီချင်းရှီက ပထမရတယ်တဲ့...သောက်ရမ်းကံကောင်းတာပဲ...”
လျန့်စီယု၏ မျက်နှာဖြူလျော်သွားကာ အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်ရသည်။
“ဟုတ်လား...”
စာမေးပွဲရလဒ် ထွက်လာပြီဆိုရင် သူမဘာလို့ဘာမှမသိရတာလဲ...
အိုး...သေလိုက်ပါတော့...သူမ ဘာမှမှမရေးခဲ့တာ...
သူမ အဆိုပါစာမေးပွဲရလဒ်အား ရင်ဆိုင်ဖို့အသင့်မဖြစ်သေးချေ။ လျန့်စီယု၏ လက်ဖျားများအေးစက်လာပြီး ရင်တုန်ပန်းတုန်ဖြစ်လာသည်။
စနစ်ကြောင့် သူမရက်အတော်ကြာမအိပ်ရသေးချေ။ ထို့ကြောင့် မျက်သားများနီရဲနေကာ မျက်တွင်းများလည်းချောင်ကျနေလေသည်။
လျှို့ရွှမ်က ထိုအရာကိုသတိမထားမိ။ သူက လျန့်စစ်ယွီ၏ ဂုဏ်ပြုလက်မှတ်ကိုသာ ပေးကြည့်ရန်တောင်းဆိုနေသည်။
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖