chapter 355

613 54 2
                                    

Part 355
Sue Xing NwayNovember 28, 2022
Chapter 355

ကျောင်းကန်တင်းရှိ မနက်စာတွင် စားစရာအသစ်များထပ်တိုးလာသည်။

ပဲနီပေါက်စီ..အုန်းနို့ပေါက်စီ နှင့် နွားနို့ပေါက်စီများပင်...

ယွီချင်းရှီက ကျန်းရှောင်မန်အတွက်သွားရောက် တန်းစီကာဝယ်လာခဲ့သည်။ သူက ပဲနီပေါက်စီနှင့် အုန်းနို့ပေါက်စီဝယ်လာခဲ့ပြီး အုန်းနို့ပေါက်စီထဲတွင် အစာသွပ်ထားသောအသီးများပင် ပါဝင်လေသည်။

ကျန်းရှောင်မန်က မုန့်အချိုစားသောက်ရခြင်းကိုနှစ်သက်သည်။

သူက ကျန်းရှောင်မန်ကိုကျွေးရန် များစွာကြိုးစားအားထုတ်ခဲ့သော်လည်း ​ပေါက်စီအားလုံး သူ့အစာအိမ်အတွင်းသာ ရောက်သွားလေသည်။

ယွီချင်းရှီက ပေါက်စီများကို ကျောင်းယူနီဖောင်းတွင်းဝှက်ကာ ခိုးကြောင်ခိုးဝှက်သယ်လာချိန်၌ တစ်စုံတစ်ယောက်၏ စူးရှထက်မြက်သောမျက်ဝန်းများတွင် မိသွားခဲ့သည်။

ဌာနမှူးက ချက်ချင်းလှမ်းအော်​လေသည်။

“ဟိုကောင်လေး...အင်္ကျီထဲမှာ ဘာတွေဖွက်ပြီးသယ်လာတာလဲ...”

ထို့နောက် သူ့ထံဒေါသတကြီးလှမ်းလာခဲ့၏။

ယွီချင်းရှီက တစ်စုံတစ်ခုမှားနေမှန်းသတိပြုမိသည်နှင့် သူ့လက်နှစ်ဖက်တွင်သယ်ဆောင်ထားသည့် ပေါက်စီနှစ်ခုလုံးကို ပါးစပ်ထဲထိုးထည့်လိုက်သည်။

သူ့ပါးကလေးများက ငါးပူတင်းတစ်ကောင်လိုဖောင်းသွားသည်။

“အိုး..ဆရာ..…”

ယွီချင်းရှီခမျာ့ စကားပင်သေချာမပြောနိုင်ချေ။

ကျန်းရှောင်မန် ဒီနေ့မှဘာလို့နောက်ကျနေရတာလဲ...သူမ ထပ်ပြီးအပျင်းကြီးနေပြန်ပြီထင်တယ်...

ဌာနမှူးက ကြောင်အသွားကာ ရေတစ်ပုလင်းကမ်းပေးလိုက်သည်။

“ဖြည်းဖြည်းစား...မနင်စေနဲ့…”

"ငါ့သူငယ်ချင်းဆီကကြားခဲ့တာကတော့ ဒီတစ်ခါစာမေးပွဲမှာ အမှားအယွင်းတစ်ချို့ ဖြစ်သွားတယ်တဲ့...”

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Where stories live. Discover now