chapter 364

622 44 1
                                    

Part 364
Sue Xing NwayDecember 03, 2022
Chapter 364 (Extar -1)

ဇူလိုင်လ...

နေရောင်ခြည်ဖြာကျနေသော သဲသောင်ပြင်က ငွေ​ဖြူရောင်တောက်ပလျှက်ရှိကာ ကမ်းခြေပေါ်သို့ ကြယ်များကြွေဆင်းနေသကဲ့သို့ပင်။ ဆားနံ့သင်းသော ပင်လယ်၏ရနံ့က လေထုထဲတွင်ဝေ့ဝဲလျှက်။

လှိုင်းလုံးများက ကမ်းခြေအနီးရှိတောင်ခြေအား ပဲ့တင်သံထွက်ပေါ်လာသည်အထိ ရိုက်ခတ်နေကာ ကြားရသူအပေါင်းကို အိပ်မွှေ့ချနေလေသည်။

ကမ်းရိုးတန်းတစ်လျှောက်တွင်နေထိုင်သူများမှာ  အေးမြသောပင်လယ်လေညှင်းကိုရှူရှိုက်ရင်း အလွန်ပင်စိတ်အေးလက်အေးရှိနေကြသည်။

ယခုအချိန်မှာ လာရောက်လည်ပတ်သူအများဆုံးရာသီဥတုဖြစ်သည်။ သို့သော် ကမ်းခြေတွင်လူအများအပြားမရှိချေ။ လူအနည်းငယ်သာလျှင် လက်ထပ်ပွဲအတွက်ပြင်ဆင်ရင်း အလုပ်များနေကြ၏။

မနက်ဖြန်ဆိုလျှင် လက်ထပ်ပွဲသို့ဧည့်သည်များလာရောက်ကြလိမ့်မည်။ ပွဲစီစဥ်သူများက ကမ်းခြေတစ်ခုလုံးကို ငှားရမ်းထားခြင်းဖြစ်ပြီး သတို့သား သတို့သမီးနှင့် နှစ်ဖက်မိဘအသိုင်းအဝိုင်းများစုရုံးနေကြသည်။

အဆိုပါမင်္ဂလာမောင်နှံက ကျန်းရှင်းနှင့်ထောင်ထောင်ပင်။

ထောင်ထောင်တစ်ယောက် ကျန်းရှင်းနှင့်အတူရှိသည်မှာ နှစ်အနည်းငယ်ကြာမြင့်ခဲ့လေပြီ။ ယုန်ဖြူကလေးလိုတက်ကြွသော ကောလိပ်ကျောင်းသူတစ်ဦးအဖြစ်မှ စီမံခန့်ခွဲတတ်သည့်မိန်းမပျိုတစ်ဦး ဖြစ်လာခဲ့သည်။

သူတို့နှစ်ဦးကြားရှိကိစ္စများကို ကျန်းရှောင်မန်မသိချေ။ သူမ၏ဦးလေးဖြစ်သူက သူလက်ထပ်တော့မည်ဖြစ်ကြောင်း ကောလိပ်ဝင်ခွင့်စာမေးပွဲအပြီးတွင် ပြောခဲ့ခြင်းဖြစ်သည်။ ကျန်းရှောင်မန်က နောက်ကျမှသိရခြင်းအပေါ် စိတ်မကောင်းပင်ဖြစ်ခဲ့မိသည်။

ထို့နောက် သူတို့ဤကျွန်းပေါ်သို့ လာရောက်ခဲ့ခြင်းဖြစ်လေသည်။

ကျန်းရှောင်မန် ကျန်းရှင်းအတွက် အမှန်တကယ်ပျော်ရွှင်မိသည်။ ယွီချင်းရှီသည်လည်း သူမနည်းတူပင်။

အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်Where stories live. Discover now