ch 2

128 11 0
                                    

ညနက် နေပြီ ဖြစ်တာမို့သူ အိပ်ပျော်သွားတာကို မမှတ်မိလိုက်ဘူး။

သူမှတ်မိတာကတော့ အိပ်ပျော်နေတုန်း နှစ်ခါလောက် နှိုးလာတာကိုသာ။ ထို နှစ်ခါကပင် သူ့ရဲ့ ညံ့ဖျင်းတဲ့ပျမ်းမျှ အိပ်စက်မှု အရည်အသွေး လယ်ဗယ်တွင် စံချိန်အသစ် တင်နိုင်ခဲ့တယ်။

  
ပထမမကြိမ်နှိုးလာတာကတော့  အောက်ထက်‌ကနေ ဟင်းချက်ရင်း စည်း ချက် ကျကျ တရွှီရွှီ ထွက်ပေါ်လာတဲ့ အသံ ကြောင့်။
အသံကြားရာ လမ်းကြောင်းကနေထုံကျဉ်ထုံနံ့ကို ရလိုက်တာမို့ အောက်ထက်က မိသားစု ကတော့ညစာကို  စီချွမ်းစတိုင် ဝတ်သားနှပ်ကို စား နေလောက်တယ်။

ဒုတိယ အကြိမ်ကတော့ ဗိုက်အောင့်လာ၍ ကုန်းထကာ အံဆွဲ ထဲက ဆေးကိုမွှေနှောက် ရှာပြီး သောက်လိုက်ရတာဖြစ်တယ်။
  

ဆိုးဝါးလှ တဲ့ အိပ်စက်မှု ပုံစံ။

ဆိုးဝါးလှ တဲ့ အစာ စားသောက်မှု ပုံစံ။

အခုအချိန်သာ နာမကျန်း ဇာတ်ကောင် တစ်ခု ကို သရုပ်ဆောင်လိုက်မယ်ဆို လုံးဝ ကွက်စတိ ပဲလို ချီကျင့် တွေးနေမိတယ်။

သောက်ရမ်း ပီပြင်မှာပဲ။

တစ်လခွဲလောက်အကြာဖြစ်သွားသဖြင့် သူ့ ရေခဲသေတ္တာထဲက အစားသောက်တွေက စားလို့မရနိုင်တော့။ ဘာဘဲဖြစ်ဖြစ် မနက် နှစ်နာရီကြီး မှာစားလို့ လဲ မရပေ။ချီကျင့် သူအိပ်ရာမှ ထလိုက်သော် သူ့ ကမ္ဘာကြီးက လည်နေသလိုခံစားလိုက်ရတယ်။

သွေးတွင်းသကြားဓာတ်နည်းခြင်းကြောင့် ဖြစ်နိုင်တယ်။

  ရေချိုးပြီးတဲ့နောက် ချီကျင့် အိမ်မှာ, ရှိတဲ့ ဘီစကစ် တစ်အိတ် ကို စားကာ ယာယီ ဗိုက်ဖြည့်လိုက်တယ်။

သူ လေအေး ပေးစက်ကို ပိတ်လိုက်ပြီး လေဝင်အောင် ပြတင်းပေါက်တွေကို ဖွင့်လိုက်တယ်။

ညအခါ မြို့ပြရဲ့ ကောင်းကင် ပေါ်မှာ ကြယ်တစ်စ တစ်လေမှ မတွေ့ရတတ်ကာ ယနေ့လဲ ခြွင်းချက်မရှိ။အရာအားလုံးက အဆုံးမရှိသော အမှောင်ထုကြီးသာရှိပြီး စိတ်ကို အပျက်သဘော ဆောင်သည့် အတွေးများနဲ့ အပြည့် ဖြည့်ဖို့ အားပေးအားမြှောက်လုပ်နေသကဲ့သို့။

exclusive rights to an online voice actor Where stories live. Discover now