ch 1

417 26 2
                                    

သူ့တိုက်ခန်းကို ပြန်ရောက်တော့ နေ့လည်သုံးနာရီ ကျော်သွားပြီ ဖြစ်တယ်။ နေ့လည်ခေါင် နေအလင်းရောင်က မျက်လုံးများပင် ကန်းလုမတတ်။

ချီကျင့် မျက်လုံးများကို မှိတ်လိုက်တယ်။. နေရောင်ကြောင့်တော့မဟုတ် မျက်ခွံများ မဖွင့်နိုင်လောက်အောင် ပင်ပန်းနေသော ကြောင့်သာ။ယခု ပတ်ဝန်းကျင်ရှိ နေထိုင်သူ အများစုက လုပ်ငန်းခွင် ၌သာ ရှိနေ၍ တိတ်ဆိတ် နေတယ်။ ပတ်ဝန်းကျင်က အပူများက အငွေ့ပြန်သွားကာ သူ၏ အရေပြားပေါ်၌ ချွေးစက်လေးများ တင်ကျန်နေလျက်။


ချီကျင့် က ခုနှစ်ထပ်မြောက်မှာနေတယ်။ပုံမှန် ဆိုရင်တော့ လှေကားနဲ့သာ တက်လေ့ ရှိပေမယ့် ဒီတစ်ခါတော့ ချွင်းချက် အဖြစ် ဓာတ်လှေကားခလုတ်ကို သာ ဖိလိုက်တယ်။

"ဒင်"ဆိုတဲ့ ဓာတ်လှေကားဖွင့်လာတဲ့ အသံနဲ့အတူ သူ့ဖုန်းကလည်း အသံမြည်လာခဲ့တယ်။
တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတဲ့ အသံနှစ်ခုက ခါတိုင်းထက် ဆယ်ဆပိုမို စူးစူးရှရှ ခံစားလိုက်ရတယ်။

အိပ်ရေးမဝတဲ့ဝေဒနာခံစားရသူတွေက အသံတွေကို အလွန်အမင်း အာရုံခံစားနိုင်တယ်ဟု မကြာခဏပြောလေ့ရှိကြပြီး အဲ့တာက အမှန်ပဲ ထင်တယ်။

ဒါ့အပြင် သူက ကောင်းကောင်းကြီး ပဲ့တင်သံ ထွက်တဲ့ နေရာ ရှေ့မှာ ရပ်နေသေးတယ်လေ

ချီကျင့် ခေါ်ဆိုလာတဲ့ ဖုန်းနံပါတ်ကို တစ်ချက်ကြည့်ပြီးနောက် သူသာ ဖုန်းမကိုင်ဘူးဆို ဒီဖုန်းက နောက်ထပ်နာရီဝက်ကြာအောင် မြည်နေလိမ့် မယ်လို့ သူ ခန့်မှန့်လိုက်တယ်။.

ဒီလိုသာဆို သူမအိပ်နိုင်လောက်အောင်အထိ ဆူ ညံနေမည်ဖြစ်ပြီး သူရဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်မည့် အခွင့်အရေးလေးကိုလဲ ဘိုင်ဘိုင် လုပ်လိုက်ရမည်ပင်။
ဒါကြောင်မို့ အကောင်းဆုံး ရွေးချယ်မှုက‌ တော့ ဖုန်းကို ကိုင်လိုက်တာပင် ဖြစ်တယ်။

"ဟယ်လို?"

"စီနီယာ! ဒီနေ့စီနီယာ ပြန်လာမယ်ဆိုတာ သိသားပဲ ! မနှောက်ယှက်ချင်ပေမယ့် စီနီယာက အလုပ်ခရီးသွားရင် ဘယ်တော့မှ ဖုန်းမကိုင်ဘူး။ဒါပေမယ့် အခု စီနီယာ ပြန်လာပြီဆိုတော့ ဆက်မေးလို့ ရပြီပေါ့ !"

exclusive rights to an online voice actor Where stories live. Discover now