ch 10

38 9 0
                                    


"သတင်းထောက်?"

ခေါင်းဆောင် သူနာပြု မစ္စ ပန်ဟာ သူရဲ့အနက်ရောင် ဘောင်ကွတ်ထားတဲ့ စာကြည့်မျက်မှန်ကိုင်းကို ချိန်ညှိလျက် ချီကျင့်အား သံသဃ မျက်လုံးများဖြင့် ဆန်းစစ်လာခဲ့တယ်။

ချီကျင့်ကတော့ သူရဲ့ ကျွမ်းကျင်အဆင့် အပြုံးလေးနဲ့သာ ဆက်ပြုံးနေဆဲ။
"‌အကောင်အတုတွေကနေ အဖြူကိုအမဲဖြစ်အောင်ရေးတဲ့ သတင်းထောက်မျိုးတော့ မဟုတ်ဘူးမလား?"

မစ္စ ပန်ရဲ့ သဘောထားဟာ ချီကျင့်ရဲ့ သတင်းထောက် အိုင်ဒီကို ကြည့်ပြီးနောက် အနည်းငယ်တိုးတက်လာတာအပြင် ချီကျင့်ရဲ့ သန့်ရှင်းသပ်ရပ်တဲ့ အပြင်အဆင်ကြောင့် အမှတ်ပိုများပင် ပေါင်းထည့်ပေးလိုက်သေးလျက်။ သို့ပေမယ့်, သံသဃအချို့က ရှိနေသေးတယ်ပင်။


"ကျွန်တော်အဲ့သလို သတင်းထောက်မျိုး မဟုတ်ပါဘူး" ချီကျင့်က ခပ်ဖျော့ဖျော့ အပြုံးလေးဖြင့် ပြုံးပြလိုက်သေးတယ်။

သူနဲ့တူညီတဲ့ လုပ်ငန်းခွင်မှာ ရှ်ိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် သူ့ရဲ့ လုပ်ငန်း ဂုဏ်သတင်းအား လုံးလုံးလျားလျား ညစ်ညမ်း စေခဲ့ပုံပေါ်တယ်။
ချီကျင့်က ကြောင်ညှင်းပန်းနှိပ်စက်ပြုမှုဖြစ်စဉ်များနှင့်ပတ်သက်၍ သူလုပ်ဆောင်ခဲ့သည့် သက်ဆိုင်ရာအစီရင်ခံစာများအကြောင်း အကျဉ်းချုံးပြောပြပြီး မစ္စကျူအား သက်သေခံပေးရန်ပင် အကူအညီတောင်းခဲ့သေးတယ်။
အဲ့နောက်မှသာ မစ္စပန်ရဲ့ သံသဃတွေလျှော့သွားကာ ဆေးရုံမှာ အင်တာဗျူးလုပ်ရန် သဘောတူလိုက်တယ်။

"သတင်းထောက်ကြီး, ကျွန်မတို့ရဲ့ ဒေါက်တာ ရှန်ကတကယ့်ကို လူကောင်းတစ်ယောက်ပါ။သူ့အကြောင်းကို မဟုတ်တာတွေ ‌မရေးပါနဲ့နော်"

ခွဲစိတ်ခန်းထဲသို့ ဝင်သွားသည့်တိုင်အောင် ပွစိပွစိ ပြောဖို့ မမေ့သေး။
ခုနက ခေါ်လာခဲ့တဲ့ ကြောင်လေးတွေအားလုံးကို ကုသပေးပြီးပြီပင်။ဒဏ်ရာအနည်းငယ်ရရှိတဲ့ ကြောင်လေးတွေကို သူနာပြုများက ကုသပေးခဲ့ပြီး ပိုမိုပြင်းထန်သော ဒဏ်ရာရသည့် ကြောင်လေးများကို ခွဲစိတ်ခန်းသို့ ပို့ဆောင်ကာ မေ့ဆေးပေးပြီး ခွဲစိတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်တယ်။

exclusive rights to an online voice actor Where stories live. Discover now