ch 47

76 13 3
                                    

Eimon-ဟီး ဟီး ဟီး

       

       

       

       

       
ရှန်ယန့်က ချီကျင့် အား ကြောင်တက်တက်ဖြင့် ကြည့်ကာ သူ့မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်လေတယ်။

“မူးနေတာ?” ဆိုတဲ့စကားလုံးကို သူပထမဆုံးအကြိမ်ကြားရသလို မရင်းနှီးသောစကားလုံးဖြစ်သကဲ့သို့ တိုးတိုးလေးပြန်ပြောလိုက်တယ်။

ရှုပ်ထွေးနေတဲ့ သူ့ခေါင်းကို ကုတ်လိုက်သလိုမျိုး သူ့လက်ချောင်းတွေကို နဖူးနားက ဆံပင်တွေအကြားကို တစ်ကြိမ်ထပ်မံ သွင်းလိုက်ပြန်တယ်။

အဲဒီလိုပဲ ခေါင်းကို မော့ထားပေမယ့် ခဲတွေနဲ့ ပြည့်နေသလို လေးလံနေရပြီး ဖြောင့်အောင် မထိန်းနိုင်တော့။ ထို့အတွက်ကြောင့် ရှန်ယန့် ခေါင်းသာငုံ့ကာ  ခက်ခက်ခဲခဲ ထိန်းထားနိုင်ခဲ့တယ်။ အချိန်အတော်ကြာပြီးနောက် သူ စကားလုံးရဲ့ အဓိပ္ပါယ်ကို အဆုံးအဖြတ်ပြုကာ ခေါင်းညိတ်လိုက်ပြီး “ဟင့်အင်း ကိုယ်မမူးဘူး”

ဒါကိုမြင်တော့ ချီကျင့်ဆီမှာ ရှင်းရှင်းလင်းလင်း အဖြေတစ်ခုကို ရရှိသွားပြီးသား။

"ရှန်ယန့်" သူ ယခင်က သူရဲ့ အမူးသမား လုပ်ဖော်ကိုင်ဖက်များကို ဂရုစိုက်ခဲ့ဖူးသောကြောင့် ထိုကဏ္ဍတွင် အတော်အတန် အတွေ့အကြုံရှိခဲ့ပါရဲ့။ ဒီလိုအခြေအနေမျိုးမှာ တစ်ဖက်လူကို ပြန်လည်မချေပသင့်ဘူးဆိုတာကို သူနားလည်ပြီး တစ်ဆင့်ပြီးတစ်ဆင့် လမ်းပြပေးရင်း “ရပါတယ်၊  ဂုဏ်ပြုပွဲက ကျင်းပပြီးပြီမို့ ဒီညအတွက်က ပြီးပြီ။  မင်း အနားယူလိုက်တော့ ဟုတ်ပြီလား"

သူရဲ့  'ကလေးငယ်များရဲ့ အိပ်ရာဝင်ချိန် ပုံပြင်' ဆိုတဲ့  အသံကို အကောင်းဆုံး အသုံးပြုကာ ရှန်ယန့်ကို ညင်သာစွာ ချော့မော့လိုက်တယ်။ အရက်မူးသူများမှာ တစ်ခါတစ်ရံတွင် ကလေးကဲ့သို့ ဖြစ်လာနိုင်သောကြောင့် ၎င်းတို့ကို စိတ်ရှည်ရန် လိုအပ်လှတယ်။

“ဟမ်။” ရှန်ယန့် က တိုးညှင်းသောလေသံဖြင့် ပြန်ပြောလာကာ-  စိတ်ကြည်လင်တဲ့သဏ္ဍာန်နဲ့  ထိန်းသိမ်းထားဆဲ။

exclusive rights to an online voice actor Where stories live. Discover now