ch 42

31 8 2
                                    

သူတို့ဟာ ဒေသခံတွေမဟုတ်သလို သူတို့နဲ့ မဆက်သွယ် ဖြစ်တာ လည်းကြာပါပြီ။

Broken family? ဒါဟာ နင်ရှောင်ရှောင် ရဲ့ ပထမဆုံး အတွေးပါပဲ။

ကွဲကွာနေသော မိသားစုများမှ ကလေး တွေ မိဘတွေရဲ့ လွှမ်းမိုးမှုကို ခံရနိုင်ခြေရှိပြီး ၎င်းတို့ရဲ့ လက်တွဲဖော်တွေအပေါ် အယုံအကြည်ကင်းမဲ့တာမျိုး ဒါမှမဟုတ် အလွယ်တကူ သံသဃတွေ ကြီးပြင်းလာတတ်သလို ... အချို့မှာ အိမ်တွင်းအကြမ်းဖက်မှုဖြစ်လာ စေရန် အလားလာရှိနိုင်တယ် လို့သူမကြားသိခဲ့ရဖူးတယ်။ ဒီကိစ္စကို သူမ ဘယ်လို တွေးတွေး နေပါစေ၊ ကောင်းတဲ့ ဘက်ကို မရောက် နိုင်တော့။

သူမ စိုးရိမ်ပူပန်မှုတွေဖြစ်သွားချိန်မှာပဲ ရှန်ယန့် က သူ့ထိုင်ခုံကနေ ရုတ်တရက်ထလိုက်သဖြင့် လန့်သွား လေတယ်။ သူမရဲ့ ပန်းကန်ပြားဘေးနားက တူများမှာ လွတ်ကျသွားကာ ကလစ်ဟူ၍ ရှန်ယန့်ရဲ့ စားပွဲဘေးဘက်သို့ လှိမ့်ဆင်းသွားလျက်။

လေထုက ချက်ချင်း အေးခဲသွားခဲ့ပြီ။

ရှန်ယန့် သူမ နောက်ပြန်ဆုတ်သွားတာကို မြင်လိုက်ရလေ။ ဒီလိုအချိန်မျိုးမှာ ဆို သူမ တူကို ပြန်ကောက်သင့် သော်လည်း တစ်ဖက်လူက ဒေါသတနဲ့ တုံ့ပြန်လာမှာကို ကြောက်သဖြင့် လက်က မမျှော်လင့်ဘဲ နောက်ကိုဆုတ်သွားသလို ဖြစ်သွားခဲ့တယ်။ ရှန်ယန့် ထိုနေရာတွင် အဆင်မပြေစွာ ရပ်နေပြီး ခဏလောက် ကြောင်အနေကာ စိုက်ကြည့်နေရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ပေ။

"တူတွေပြုတ်ကျသွားတာပဲ။"

အချိန်အတော်ကြာပြီးနောက် သူတတ်နိုင်သမျှ အနူးညံ့ဆုံးသော အပြုံးနှင့် အပေါ့ပါးဆုံးသော လှုပ်ရှားမှုတို့ဖြင့် ထိုတူချောင်းကို ကောက်ကိုင်လိုက်တယ်။ တူတို့ကို သူမထံ တိုက်ရိုက်ပြန်မပေးခဲ့ဘဲ သူမရဲ့ ပန်းကန်ပြားဘေးတွင် ဖြည်းညှင်းစွာထား ပေးရုံသာ။ လုပ်ငန်းစဉ်တစ်ခုလုံးတွင် သူမအား ဖိအားတစ်စုံတစ်ရာမခံစားရစေရန် သင့်လျော်သောအကွာအဝေးကိုသာ ထားရှိ စေခဲ့လျက်။

"အင်း ကျေးဇူးတင်ပါတယ်..."

သူမ စိတ်ကူးထားတဲ့ ဒေါသအကြည့်က သူ့မျက်နှာမှာ ပေါ်မလာခဲ့ပေ။ နင်ရှောင်ရှောင်
အာရုံ ပြန်ဝင်ကာမှ သူမရဲ့ မျက်နှာပေါ်တွင် တောင်းပန်သော အပြုံးဖြင့် လျင်မြန်စွာ ကျေးဇူးတင်စကား ဆိုလိုက်လေတယ်။

exclusive rights to an online voice actor Where stories live. Discover now