ch 29

33 8 0
                                    

ရှန်ယန့် ရဲ့အိမ်က ဆေးခန်းနှင့် သိပ်မဝေးသောကြောင့် ထိုနေရာကို ရောက်ရန် ဆယ်မိနစ်ပင် မကြာလိုက်။

မြောက်ဘက်ပိုင်းက ရက်ကွက်အဟောင်းတစ်ခု၌ ဖြစ်တယ်။ ချီကျင့်နေထိုင်တဲ့ ခရိုင်အသစ်တွင်နှင့် မတူဘဲ၊ ဤနေရာက အဆောက်အအုံတွေက ဟောင်းနွမ်းနေပြီး ရှေးကလမ်းအို လမ်းသွယ်များနှင့် အိမ်များ အများအပြားရှိနေလျက်။

ဒေသခံအများစုက ထိုနေရာတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြတယ်။ ငယ်ရွယ်သူများ အများစုကတော့ အပြင်သို့ ပြောင်းရွှေ့နေထိုင်ကြပြီး အငြိမ်းစားယူသူများက ယခုကဲ့သို့ အေးအေးဆေးဆေး  အလျင်မလိုသော ဘဝကို နှစ်သက်ကြတယ်။ ရံဖန်ရံခါ တံစက်မြိတ်အောက်မှာထိုင်ပြီး လက်ဖက်ရည်သောက်ရင်း မိုးရွာ နေတာကို တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေကြသူများအား  မြင်နေရတယ်။ စင်စစ် အချို့သောသူများမှာ စစ်တုရင်ကို ဆော့နေကျကာ ရေဒီယိုမှ သီချင်းသံလွင့်လွင့်ကို နားထောင်ရင်း ကစားနေကြတယ်။

ဤနံရံများရဲ့ အတွင်းနှင့် အပြင်ဘက် နှစ်ခုစလုံးမှာ ငြိမ်သက်ပြီး ရိုးရှင်းသော လေထုဖြင့် လွှမ်းခြုံထားလျက်ပင်။

မိုးသည်းထန်စွာရွာနေသည့်ကြားတွင် မည်သည့်နေရာမှထွက်လာမှန်းမသိသည့် နွယ်ပင်များက အဆောက်အဦရှေ့တွင် တွယ်ကပ် နေကြကာ ရေများအဆက်မပြတ် ရွှဲနေလေတယ်။ အဖြူရောင် နံရံပေါ်ရှိ မီးခိုးရောင် ရေအညှိအကွက်များကို ဤနေရာတွင် တွေ့ရှိနိုင်ပြီး မိုးရေလမ်းကြောင်းတစ်လျှောက် ဖြည်းညှင်းစွာ တွားသွားနေတဲ့ ခရုငယ်များကို ရံဖန်ရံခါ တွေ့ရတတ်တယ်။

"ရောက်ပြီ။" ယခင်ခေတ်က လူနေအဆောက်အအုံတစ်ခု၏ ရှေ့သို့ရောက်သောအခါ၊ ရှန်ယန့်က သည် အတွင်းနှင့်အနီးဆုံးအခန်းကို ညွှန်ပြလာတယ်။

အဆောက်အဦဟောင်းဖြစ်သောကြောင့် စင်္ကြံ၏အပြင်အဆင်က ခေတ်နောက်ကျနေသေးသောကြောင့် နိမ့်ပါးကျဉ်းမြောင်းပုံရတယ်။

  အဆောက်အဦးအပြင်ဘက်တွင် မြင့်မားသော ညောင်ပင်ပင်များစွာ မှာ ပေါက်ရောက်နေကာ အုံ့မှိုင်းနေသော ရာသီဥတုကြောင့် မှောင်စပြုနေပြီဖြစ်သော လမ်းမှာ ပို၍ မဲမှောင်နေလေတယ်။သို့နှင့် သူ့ ခြေအောက်က လှေကားထစ်များကိုပင် လှမ်းမမြင်နေရ။

exclusive rights to an online voice actor Where stories live. Discover now