ch 33

51 10 4
                                    

       

    
       
သူက ပထမဆုံးကြယ်သီးကို ဖြုတ်လိုက်တယ်။

သူ့လက်မဖြင့်  ညင်သာစွာ တွန်းလိုက်ရာမှ ပါးလွှာကျဉ်းမြောင်းလှသော ကြယ်သီးအပေါက်မှတဆင့် ကြယ်သီးက ချောမွေ့စွာ ထွက်လာခဲ့လျက်။ ထို့သို့ဖြင့် အင်္ကျီကော်လာက အနည်းငယ် လျှောကျသွားကာ တစ်ဖက်တစ်ချက်ရှိ ညှပ်ရိုးများမှာ ထင်ရှားစွာ ထွက်ပေါ်လာခဲ့တယ်။

တစ်ချိန်တည်းတွင် ချီကျင့်ရဲ့ Adam ပန်းသီးမှာလည်း ထိုလက်ချောင်းများနဲ့  ရှပ်ကနဲ ပွတ်တိုက်ခံရလေတယ်။

သူ့ကော်လာကို ဖြည်ပြီးသွားသော်လည်း ချီကျင့်သူ့လည်ချောင်းမှာ တင်းကျပ်နေသလို ခံစားနေရသေးတယ်။ တစ်ခဏလောက်တော့ သူဘယ်ကိုကြည့်ရမှန်းမသိလို့ အသက်ရှုကြပ်သွားလေတယ်။ သူ့ရှေ့ရှိ နူးညံ့လှသောလက်ရဲ့လှုပ်ရှားမှုအောက်တွင် ဒုတိယကြယ်သီးကိုလည်း ဖြုတ်ထားလိုက်ပြီ ဖြစ်တယ်။

"အဆင်ပြေရဲ့လား?" ရှန်ယန့်က အသံတိုးတိုးဖြင့် မေးလာတယ်။

ထို့နောက်သူရဲ့လက်ချောင်းများက တတိယကြယ်သီးပေါ်တွင် ရပ်သွားခဲ့တယ်၊ နံရံကပ်မီးအိမ်မှထွက်လာတဲ့ မှိန်ဖျော့သော အဝါရောင် အလင်းတန်းများ ရွှေစင် အလွှာကဲ့သို့ ဖျတ်ခနဲ တောက်ပစွာ ဖုံးလွှမ်းသွားခဲ့တယ်။

ချီကျင့် ရေချိုးခန်းအပြင်ဘက် နံရံနှင့် အနည်းငယ် ကျောမှီလျက် ရှိနေသည်ကို တွေ့လိုက်ရတယ်။ သူ့မှာ ထပ်မံနောက်ဆုတ်စရာနေရာမရှိမှန်းသိလိုက်ရတော့ ထိုအမျိုးသရဲ့အကြည့်တွေကို တိုက်ရိုက်မတွေ့စေဖို့ ခေါင်းငုံ့ထားလိုက်တယ်။

  အလင်းကြောင့်ဖြစ်နိုင်သည် ၊ ထိုမျက်လုံးများက နေ့ခင်းဘက်ထက်ပင် ပိုမိုလေးနက် နေပြီး သူ့ကိုဖုံးအုပ်သွားသော မှောင်မိုက်သောပင်လယ်လှိုင်းများကဲ့သို့ ။ နွေးထွေးသောရေများက သူ့ကို ဆွဲတက်ရန် ခတ်ခဲ၍နေစေလျက်။

       
“ငါ… ငါအဆင်ပြေပါတယ်။” ချီကျင့် အလားတူ နိမ့်ပါးသော အသံဖြင့် ပြန်ဖြေပြီးနောက် တုံးအစွာ ရယ်မောလိုက်လေတယ်။

သို့သော် ရှန်ယန့်က ချီကျင့်ရဲ့ နှလုံးသားနှင့် အနီးဆုံးရှိ တတိယကြယ်သီးကို ရောက်သွားသောအခါ သူ့လက်က ထိုနေရာတွင် ရပ်သွားလေတယ်။ သူတို့အကြား အထည်တစ်စမျှသာရှိသဖြင့်၊ သူရဲ့ လက်၌ ချီကျင့်ရဲ့ ရင်ဘတ်ဆီမှ ခုန်နေသော နှလုံးကို လုံးလုံးခံစားနိုင်တယ်ပင် ။

exclusive rights to an online voice actor Where stories live. Discover now