ch 34

37 7 0
                                    

အွန်လိုင်းအသံသရုပ်ဆောင်အဝိုင်းမှမိန်းကလေးများ၌၊ လျင်မြန်သောလက်ဆယ်ချောင်းရှိတဲ့အပြင်လျှို့ဝှက်ချက်များကိုဖော်ထုတ်ရန်စိတ်အားထက်သန်သောမျက်လုံးများရှိလေတယ်။

       
ထို့ကြောင့် ချီကျင့် က "ငါမင်းတို့ကို စလိုက်တာ" လို့ ပြောပြီး ရှောင်ထွက်သွားဖို့ ကြိုးစားတဲ့အခါ အဖွဲ့ထဲက မိန်းကလေးတွေအားလုံးက သူတို့ရဲ့ သံသယတွေကို ထုတ်ပြောပြီး ကွန်ပျူတာရှေ့မှာရှိ နေတာ တခြားတစ်ယောက်ပဲ ဖြစ်ရမယ်လို့ ကောက်ချက်ချခဲ့ကြတယ်။
“ကျေးဇူးပြုအမှန်တရား ကို ဖော်ထုတ်ပေးပါ”—ဟူ၍မိန်းကလေးအားလုံး တူညီသည့်အချက်ကို တညီတညွတ်တည်း တောင်းဆိုခဲ့ကြတယ်။
ချီကျင့် က ရှန်ယန့် ကို ထိတ်လန့်စွာကြည့်ကာ

" သူတို့ကို အမှန်အတိုင်းပြောကြမလား?"

       
ဤတစ်ကြိမ်တွင် ရှန်းယန်က သူ့ကို အနည်းငယ်ပြုံးပြလာကာ သူက  အတည်ပြုလာခြင်းမရှိသလို တားလည်းမတားခဲ့၊ သူဖန်တီးထားတဲ့ အခြေအနေကို ချီကျင့် က ဘယ်လိုရှင်းထုတ်မလဲဆိုတာကိုပဲ သူသိချင်နေခဲ့တယ်။
“မင်းကိုယ့်ကိုပြော စေချင်ရင် ပြောလိုက်မယ်။ မင်းအလိုမရှိရင် ကိုယ်ဘာမှမလုပ်ဘူး။"

       
လိမ်ညာခြင်းက အမြဲပို၍ ကြီးထွားလာတတ်ကာ နောက်ဆုံးတွင် လိမ်ညာသူကိုပဲ ချေမှုန်းခံရနိုင်တယ်ပင်။
ထို့ကြောင့် ချီကျင့် လက်မြှောက်အရှုံးပေးကာ "အဲဒီ ဘီလူး ပေါက်စ လေးတွေက ဉာဏ်ကောင်းလွန်းလို့ ဘာမှ ဖုံးကွယ်လို့ မရဘူး။ ပြောကြစို့"

       
မတ်လရဲ့ မျှစ်ပေါက်လေး- လိုင်းပေါ်မှာ ရှိနေတာဘယ်သူလဲ။ကျေးဇူးပြုပြီး အမှန်တရားကို‌ ပြော၊  မဖြေရင် ဖုန်းဆက်လိုက်မယ်!

       
နဝမမြောက်အမျိုးသမီး : သူတကယ် hack ခံရလို့များလား...

       
မတ်လရဲ့ မျှစ်ပေါက်လေး- မဖြစ်နိုင်ပါဘူး… လွန်ခဲ့တဲ့ ၂ ရက်လောက်ကတောင် QQ မှာ မက်ဆေ့ချ်ပို့ထားသေးတယ်။

       
ငါ့ပြန်လာမယ့်ရက်ကို လာမမေးနဲ့- အမှန်တော့ ကျွန်တော်က စာရိုက်တဲ့ အကူလက်ထောက်လေးပါ။ ^_^

exclusive rights to an online voice actor Where stories live. Discover now