ch 25

40 9 4
                                    

ချီကျင့် အပြောနှင့် အလုပ် မှန်ကန်ကြောင်း သက်သေပြခဲ့တယ်။

ဆေးခန်းကို ရောက်တဲ့အခါမှာတော့ စောင့်ဆိုင်းခန်းထဲမှာ တန်းစီနေတဲ့ လူတွေ ရှိနေကာ လုပ်ငန်းက တော်တော်ကောင်းပုံရတယ်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ရာသီဥတုအေးပြီး မိုးရွာခဲ့သောကြောင့် တိရစ္ဆာန်တွေဖျားနာမှု မှာ တိုးလာတာကြောင့်လည်း ဖြစ်နိုင်တယ်။ ထို့အပြင် ယနေ့ သောကြာနေ့က အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေက  ၎င်းတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေအား ဆေးခန်းပြ ရန် အလုပ်မှ စောစောပြန်ခဲ့ကြတာလည်း ဖြစ်နိုင်တယ် ။ ချီကျင့်လည်း ထိုသို့နှင့် အချိန်အတော်ကြာအောင် စောင့်ရမှာလားဟုပင် ထင်ခဲ့တယ်။

ရှောင်ကွေးချီ ကိုချီဖို့ သူ့ရဲ့ညာလက်ကို အသုံးပြုထားတာကြောင့် ထီးကိုတောင် ကောင်းကောင်းမကိုင်နိုင်ခဲ့။ ဆေးခန်းသွားရာ လမ်းတွင် မိုးရေကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း အများအပြားက ရွှဲနစ်နေပြီး ဆံပင်များလည်း စိုရွှဲနေလျက်။ ထို့အပြင် သူ၏ဘယ်ဘက်လက်မောင်းအား ထူထဲသောကျောက်ပတ်တီးဖြင့် ဖုံးအုပ်ထားပြီး သူ့ရဲ့ ပုံစံမှာလည်း သူ့လက်ထဲတွင်ရှိသော ကြောင်ကလေးထက် ပိုကောင်းပုံမရပေ။

နာမကျန်းသော ပိုင်ရှင်နှင့် ဖျားနေသောကြောင် အတွဲလိုက်မှာ တံခါးကို ဖြတ်လျှောက်လာသောအခါတွင် ထူးဆန်းသော အကြည့်များစွာကို ရရှိခဲ့တယ်။

အခြားအိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအားလုံးမှ လှောင်အိမ်များနှင့် အိမ်မွေးတိရစ္ဆာန်သယ်ဆောင်တဲ့ ကျောပိုးအိတ်များရှိကြပြီး ရှောင်ကွေးချီ မှာ ပတ်ထားတဲ့ စောင်တစ်ထည်နှင့် ရောက်ရှိလာ သော တစ်ကောင်တည်းသော တိရစ္ဆာန်သာ။ ပြောစရာမလိုအောင် နှိုင်းယှဥ်ကြည့်ရာ အတော်လေး ပုံတုံးလီတယ်။

ချီကျင့် က သူ့ထီးကို အမြန်ဖယ်လိုက်ပြီး ရှောင်ကွေးချီ ကို သူ့ပေါင်ပေါ်မှာ တင်ထားလိုက်တယ်။ ထို့နောက် ဧည့်ကြိုကောင်တာမှလာသည်လို့ ထင်ရသည့် အမျိုးသမီးတစ်ဦးက မှတ်ပုံတင်ကြေး ၁၅ ယွမ် ပေးဆောင်ရန် ပြောကာ စာရင်းသွင်းကာ စစ်ဆေးရန် အလှည့်ကို စောင့်ခိုင်းထားတယ်။ ငွေပေးချေပြီးနောက် ဧည့်ကြိုအမျိုးသမီးက နောက်ကြောင်းပင်ပြန်မကြည့်ဘဲ လှည့်ထွက်သွားခဲ့တယ်။

exclusive rights to an online voice actor Where stories live. Discover now