ch 35

27 7 2
                                    

သူငယ်ချင်းအရင်းလို့ ခေါ်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေထဲက တစ်ခုကတော့ သူတို့နဲ့ စကားပြောတဲ့အခါ အချိန်တွေက ကုန်မှန်းမသိ ကုန်သွားတာမျိုးပါပဲ။

YY တွင် အမျိုးသမီးလေးတွေကို နှုတ်ဆက်ပြီးနောက်၊ ချီကျင့် ဖန်သားပြင် ညာဘက်အောက်ထောင့်ကို တစ်ချက်ကြည့်လိုက်ရာ ည ၁၀ နာရီ ထိုးနေပြီကိုတောင် သူ မသိလိုက်။ နောင်တစ်ချိန်တွင် ကြီးမြတ်တဲ့နတ်ဘုရားနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်မည်လို့ တွေးတောရင်း စိတ်အားထက်သန်လာခဲ့တယ်။

ချီကျင့် chatting software မှ ထွက်ပြီး နားကြပ်ကို ဘေးတွင် ထားလိုက်လေတယ်။ ထို့နောက် သူရှန်ယန့်အနားယူနေတာကို အနှောက်အယှက်ဖြစ်စေမှာကို ကြောက်၍ ခြေဖျားထောက်ကာ စာကြည့်ခန်းတံခါးဆီသို့ လျှောက်သွားလိုက်လျက်။

တံခါးကို ပွင့်သွားသည်နှင့် တံခါးအကွဲရာမှတစ်ဆင့် အဝါရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်ပေါ်လာရာ- သူနိုးနေပုံရတယ်။

ချီကျင့် တံခါးများရှေ့တွင် အရှိန်အဟုန်ဖြင့် လှမ်း၍ ဝင်ရမလား မဝင်ရဘူးလားဟု ချီတုံချတုံ ဖြစ်နေပေမယ့်လည်း နောက်ဆုံးမှာတော့ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ တံခါးကို နှစ်ကြိမ်ခေါက်လိုက်တယ်။ ထိုအချိန်တွင် ရှန်ယန့်က သူ့ကွန်ပြူတာနှင့် အလုပ်လုပ်နေပုံရလေတယ်။ တံခါးခေါက်သံက စာရိုက်သံကို ရပ်တန့်သွား‌စေပြီး တံခါးဝဆီသို့မျက်နှာသာပေးကာ သူထိုင်နေသော ကုလားထိုင်ကို လှည့်လိုက်တယ်- "ဝင်လာပါ"

ချီကျင့် တံခါးဖွင့်ပြီး ဝင်လာခဲ့တယ် ။စာကြည့်ခန်းမှာ အိပ်ခန်းထက် အနည်းငယ်သေးငယ်ပုံရလေတယ်။ စာအုပ်စင်ကြီးနှစ်ခုက နံရံတစ်ခုလုံးကိုဖြတ်၍ နေရာယူထားကာ ကျန်နေရာလွတ်မှာတော့ ကုလားထိုင်တစ်လုံးနှင့် စားပွဲတစ်လုံးကို ထားရဆဲဖြစ်သောကြောင့် သဘာဝကျကျကို ကုတင်တစ်လုံးအတွက် နေရာအများကြီးမကျန်တော့။ ရှန်ယန့်ခေါ်တဲ့ “အိပ်ရာလေး” မှာ တကယ်တော့ အလွန်သေးငယ်ပြီး ပုံမှန်ဆိုဖာထက် အနည်းငယ်သာကျယ်နေတာဖြစ်တယ်။ ခန္ဓာကိုယ်ကို လှည့်ဖို့ နေရာမရှိသလောက်ပဲ၊ ခေါင်းအုံးနဲ့ စောင်နဲ့သာဆန့်တဲ့ ကုတင်ပုံစံပင်။

exclusive rights to an online voice actor Where stories live. Discover now