ch 32

44 9 0
                                    

ချီကျင့် အသံသရုပ်ဆောင် အသိုင်းဝိုင်းထဲသို့ စတင်ဝင်ရောက်လာသောအခါတွင် သူ့ကို ဆွဲသွင်းခဲ့တဲ့ နဝမ မြောက်အမျိုးသမီးက သူ့အသံက အလွန်ထူးခြားတယ်ဟု တစ်ချိန်က ပြောခဲ့ဖူးတယ်။ တူညီတဲ့အသံတွေအား အမျိုးအစားခွဲနိုင်တဲ့ ပါရမီရှိသည့် နားရွက်ရှိသူများကသာ ထိုကဲ့သို့ မှတ်မိနိုင်တယ်။

ထိုကဲ့သို့ အလွန်မှတ်မိလွယ်နိုင်သော အသံရှိခြင်းက ၎င်းရဲ့ အားသာချက်ရှိသလို အားနည်းချက်များလည်းရှိတယ်ပင်။

အကောင်းဘက်ကနေပြောရရင် ပရိသတ်က မှတ်မိဖို့ လွယ်ပေမယ့် အဆိုးဘက်က ပြောလျှင် ဘယ်လောက်ပဲ ကြိုးစားခဲ့ အသိအမှတ်အပြုခံဖို့ မဖြစ်နိုင်။

ကံကောင်းထောက်မစွာ၊ ချီကျင့်က အဓိကဇာတ်ဆောင်များစွာ၌ မပါဝင်ခဲ့ပေ။ သူရဲ့ လူကြိုက်အများဆုံးနဲ့ အပေါက်ဆုံးဒရာမာဖြစ်တဲ့ 'Trap' တွင် သူရဲ့ပုံမှန်အသံကို မသုံးထားသောကြောင့် သူရဲ့အသံအစစ်အမှန်ကို သိသူအရေအတွက်မှာ အနည်းငယ်နည်းပါးလှတယ်။

“ကျေးဇူးတင်ပါတယ်လို့ ပြောပုံက အဲဒီညရဲ့ အဆုံးသတ်နားမှာ မင်းပြောခဲ့တဲ့ပုံနဲ့ အတူတူပဲ။ "

  ရှန်ယန့်ကလည်း အဲဒီလ်ို ပါရမီပါတဲ့ နားရွက်တဲ့လူတွေထဲက တစ်ယောက် ဖြစ်ပုံပေါ်တယ်။

နှစ်နာရီအကြာ လေ့ကျင့်သရုပ်ဖော်မှုမှာ သူ့ရဲ နဂိုအသံ အများကြီးမပေါက်သော်လည်း သူတို့နှစ်ဦးစလုံးက စကားအမြောက်အမြားဖြင့် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပြီး အချို့သော စာကြောင်းများကိုလည်း အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ပြောဆိုခဲ့ကြလေတယ်။

  အခြား CV နှင့် အစမ်းလေ့ကျင့်သည့်အခါတိုင်း တစ်ဖက်လူရဲ့ စွမ်းဆောင်မှု အပြောင်းအလဲများနှင့်အညီ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ဖို့ တစ်ဖက်သရုပ်ဆောင်ရဲ့ စကားကို ဂရုတစိုက် နားထောင်ရန် လိုအပ်လှတယ်။ ဒီလို လုပ်ဆောင်မှုများမှတစ်ဆင့်  တစ်ဖက်လူရဲ့အသံအားရေရှည်တည်မြဲလျက် စွဲမြဲနေခဲ့တယ်။

ချီကျင့် စာကြည့်တိုက်သို့သွားသည့်နေ့က အတူလေ့ကျင့်ပြီးနှစ်ရက်သာရှိသေးသောကြောင့် ရှန်ယန့် ရဲ့စိတ်ထဲတွင် မှတ်ဉာဏ်များက လန်းဆန်းနေသေးတာမှာ သဘာဝကျကျပင်။

exclusive rights to an online voice actor Where stories live. Discover now