ch 26

42 11 2
                                    

ချီကျင့် မျက်နှာပေါ်က အပြုံးမှာ တင်းမာလာခဲ့တယ်။

အသံက အရမ်း ကို  လေးနက် နေသဖြင့် သူ့ ကြောက်သွားပြီး ရယ်တောင် မရယ်နိုင်တော့။

"မင်း...အတည် ပြောနေတာလား?"

အဖြေကိုသိ နေပေမယ့် နောက်တစ်ကြိမ် ထပ်မေးချင်ပါသေးတယ်။

"ဟုတ်​တယ်​ ငါ​အတည်ပြောတာ။"

တစ်ဖက်ကလည်း သူ့ကို ပြတ်ပြတ်သားသားနဲ့  ပြန်ဖြေလာတယ်။

ထိုလူရဲ့ စကားသံက သူ့ထံသို့ ရုတ်တရက် နီးကပ်သွားသလိုမျိုး အကွာအဝေးကလည်း သူ့နား ကိုကပ်၍ တီး‌တိုးတီးတိုးပြောနေသကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားလေတယ်။ ချီကျင့်  အလိုလို နောက်ကိုဆုတ်သွားပြီး မျက်တောင်ခတ်ဖို့ကို မေ့သွားခဲ့တယ်။

ထို့နောက် သူတို့ မကြုံစဖူး ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြတယ်။

Geese Fly North က ဘာမှပြန်မပြောပေမယ့်သူ့စားပွဲပေါ်က တစ်ခုခုကို ရွှေ့နေသလိုမျိုး သူ့ဘေးက ထွက်လာတဲ့ ခပ်ရှပ်ရှပ်အသံတွေကို  ချီကျင့် ခဏခဏ ကြားနေရပါတယ်။

ချီကျင့်  အံ့အားသင့်နေတုန်းမှာပဲ သူက "ငါ့ရဲ့ တည်နေရာကို မြင်ရအောင် လုပ်ထားပြီးပြီ၊ ဒါကြောင့် မင်းသွားကြည့်လို့ရတယ်။"

ချီကျင့် အသက်ရှုကြပ်ပြီး ကြောင်အ နေကာ တစ်ဖက်လူရဲ့ avatar ပေါ်သို့ သူ၏ cursor ကိုရွှေ့လိုက်တယ်။

IP လိပ်စာကိုအခြေခံ၍ QQ စနစ်မှပြသတဲ့ ပထဝီဝင်တည်နေရာက အမှန်ပင်—တူညီသောပြည်နယ်၊ တူညီသောမြို့မှပင်။

မြို့ရဲ့နာမည်နောက်မှ ထွက်လာသော မိုးတိမ်ငယ်ကျလေးကလည်း သူ့ပြတင်းပေါက်အပြင်ဘက်က ရာသီဥတုနှင့် အလွန် တူညီလှပါတယ်။ မိုးရေစက်များက တစ်စက်မှ ကျဆင်းလာသလို သူ့နှလုံးသားကိုလည်း တစ်စက်ချင်းစီ ရိုက်ခတ်ကာ တုန်လှုပ်သွားစေခဲ့တယ်။ တုန်လှုပ်သွားတဲ့အရာက သူ့နှလုံးသားသာမက သူ့လက်ချောင်းများပင် အနည်းငယ်တုန်ခါနေသလို ခံစားလိုက်ရတယ်။

"မင်းရုတ်တရက် ဒီလိုပြောနော့... ငါ အဲစကားကိူ လက်ခံဖို့ စိတ်ပိုင်းဆိုင်ရာတောင် လုံးဝ မပြင်ဆင်ထား ရ‌သေးဘူး"

exclusive rights to an online voice actor Where stories live. Discover now