ch 31

40 8 0
                                    

တံခါးပွင့်လာပြီးနောက် ပြန်ပိတ်သွားပြန်တယ်။ တံခါးလော့ကျသွားသံက 'ကလစ်' ဟူ၍ ပေါ့ပါးစွာ ထွက်ပေါ်လာပြီး အပြင်ဘက်မှ စိမ့်ထွက်လာသည့်  လေအေးအေးလေးရဲ့ နောက်ဆုံးခြေရာက ပျောက်ချင်းမလှ ပျောက်သွားပြန်ပြီ။

ထိုအချိန်တွင် ချီကျင့် မျက်မမြင်တစ်ယောက်လို မျက်လုံးမှိတ်ကာ အမှောင်ထဲတွင်သာ ရှိနေခဲ့တယ်။ လမ်းပျောက်နေသော အားကိုးရာမဲ့သူမှာ သူ့ အိမ်ပြန်ရန် အကြားအာရုံနှင့် ထိတွေ့မှုကိုသာ အားကိုးနိုင်ခဲ့သလို၊

သို့‌သော် သူ့ရဲ့အိမ်က သူ့အား အရင် တွေ့လာခဲ့တယ်။

"ချီကျင့်" ဤမျှ နီးကပ်သော အကွာအဝေးမှ ထွက်ပေါ်လာတယ်ဟု သူ ပထမဆုံးအကြိမ် ခံစားလိုက်ရတယ်။

ရှန်ယန့် ရဲ့အသံနဲ့ သူ့နာမည်—သူတို့နှစ်ယောက် ပေါင်းစည်းလိုက်တဲ့အခါ ချီကျင့် ရဲ့ စိတ်ခံစားမှုတွေ ကောင်းကောင်းကြီး လျှံတက်လာပြီး ပြိုကျသွားသလိုပါပဲ။ သူ   တရွေ့ရွေ့  နစ်မြုပ်နေသော ရေကာတာ တစ်ခုကဲ့သို့ ဖြစ်နေသော်လည်း သူကိုယ်တိုင်ကပင်လုံးလုံးလျားလျား နစ်မြုပ်ရန် ဆန္ဒရှိနေလျက်

        
အရင်က သူ့ကို ဆုပ်ကိုင်ထားခဲ့တဲ့ လက်က သူ့ရဲ့ ဆုပ်ကိုင်ထားမှုကို လွှတ်လိုက်ပြီး၊ ဒီတစ်ကြိမ်မှာတော့ ချီကျင့် ရဲ့ ဦးခေါင်းနောက်ကို ပေါ့ပေါ့ပါးပါး ဖုံးအုပ်ကာ သူ့ပခုံးကို မှီထားလိုက်လေတယ်။ ရှန်ယန့်က  ကျောက်ပတ်တီးရှိနေသော ချီကျင့် ရဲ့လက်ကို စိုးရိမ်သဖြင့် ထိုပွေ့ဖက်ထဲ၌ မည်သည့်ခွန်အားကိုမျှ အသုံးမချဘဲ၊ သူ ချီကျင့်ရဲ့ ခါး ကို သာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလေတယ်။ လျှို့ဝှက်စွာ နှစ်ယောက်သားမှာ အလွန်နွေးထွေးသော သီးခြားကမ္ဘာငယ်လေးထဲတွင် ရှိနေသကဲ့သို့။

အလွန်နွေး‌လှတယ်။

ချီကျင့် အသက်ပြင်းပြင်းရှူပြီး- ပြိုလဲသွားသလိုပဲ- သူ့ခေါင်းကို ပုခုံးပေါ်တင်ပြီး အဲဒီ အမျိုးသားရဲ့ရှပ်အင်္ကျီမှာ သူ့မျက်နှာကို မြှုပ်နှံထားလိုက် လေတယ်။ မှိတ်တုတ်မှိတ်တုတ်လေးဖြင့် သူ့မျက်လုံးများကတစ်ဝက်ပွင့်သွားခဲ့တယ်။

exclusive rights to an online voice actor Where stories live. Discover now