ch 44

34 8 0
                                    

သာ့ကွေးချီ တစ်ယောက်(big Return Date) တစ်ယောက် ကင်မရာမှန်ဘီလူးများကို ပထမဆုံးအကြိမ် ရင်ဆိုင်ရတဲ့အခါတုန်းက ဘယ်လောက် အလွဲလွဲအမှားမှား ဖြစ်ခဲ့တာနဲ့ နှိုင်းယှဉ်ပါက ရှောင်ကွေးချီ (Little Return Date) ကတော့ နာမည်ကြီး ဆယ်လီ တစ်ယောက် ဖြစ်ဖို့ သဘာဝအတိုင်း မွေးဖွားလာသူ ကဲ့သို့ပင်။

အနက်ရောင်အရာကြီးက ပိုမိုနီးကပ်လာတာနှင့် အမျှ ရောင်ပြန်ဟပ်နေသော အရာဝတ္ထုကို လက်သည်းနဲ့ သတ္တိရှိရှိ လှမ်းကုတ်ခြစ်ဝံ့တဲ့အထိ အကြောက်အဝံ့ မရှိခဲ့ပေ။

"ဒါကို ခြစ်လို့မရဘူး။"

ချီကျင့် ကင်မရာမှန်ဘီလူးများကို မထိခိုက်စေရန် အချိန်မီ ထိန်းထားလိုက်ခဲ့လေတယ်။

"မင်းရဲ့ကြောင်က အရမ်းရယ်ရသလို အရမ်းလည်း ဉာဏ်ကောင်းပုံရတယ်ကွ။"

ကင်မရာမန်းက ကင်မရာမှန်ဘီလူးများမှတစ်ဆင့် ရှောင်ကွေးချီ ရဲ့အသွင်အပြင်ကို ဂရုတစိုက်စစ်ဆေးကာ သူ့ပခုံးပေါ်၌ ပစ္စည်းတွေကို တပ်ဆင်နေရင်း ချီးကျူးခဲ့တယ်။

ချီကျင့် သူရဲ့လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောနေစဉ် နောက်ဆုံးအကြိမ်အဖြစ် သူ့ရဲ့လက်ကလေးကို ဆော့နေတာကို လွှတ်ပေးလိုက်ပြီး ရှောင်ကွေးချီလေး ကို ဗူးသေးသေးလေးတွင် ခေတ္တထား ထားခဲ့လေတယ်။

"ဒီကလေးက အိမ်မှာနေရင်းနဲ့ အကျင့်ပျက်နေတာလေ။ သူ့ရဲ့ နေ့စဉ် မဟာမစ်ရှင်ကြီးသုံးခုက စားဖို့၊အိပ်ဖို့ လျှောက်ပတိကစားဖိုး အိပ်ဖို့ဆိုပဲ။
အခုချိန်"‌ထရိန်နင်"ဆင်းပေးဖို့က ကွက်တိ‌ပဲလေ။
မဟုတ်ရင် ကြောင် ငပျင်းလေး ဖြစ်သွားတော့မယ်"

ရှောင်ကွေးချီ က ခေါင်းမော့ပြီး သူ့ပိုင်ရှင်နဲ့ လူစိမ်းတချို့ကို ရှုပ်ထွေးနေပုံပေါ်ကာ အပြစ်ကင်းပြီး နုံအတဲ့ပုံစံနဲ့ ကြောင်အစွာ ကြည့်နေခဲ့တယ်။
သူမသိတာကတော့ ဒီနေ့ဟာ ခမ်းနားတဲ့နေ့ဖြစ်ပြီး သူ့ရဲ့ သရုပ်ဆောင် လမ်းကြောင်းပေါ်ကို ပထမဆုံးလျှောက်လှမ်းရမယ့်နေ့ ဆိုတာကိုပါပဲ။

ချီကျင့် သူ့ကော်လာနောက်ကွယ်က မထင်ရှားတဲ့နေရာတစ်ခုမှာ မိုက်ခရိုဖုန်းကို ဝှက်ထားပြီး ကင်မရာအကူက သူ့အိတ်အတွင်း၌ မိုက်ခရိုကင်မရာတစ်လုံးထည့်ရန် ကူညီပေးပြီးနောက် ၎င်းကို ကုတ်အင်္ကျီဖြင့် ဖုံးအုပ်ထားလိုက်တယ်။

exclusive rights to an online voice actor Where stories live. Discover now