ch 50

47 6 0
                                    

ချီကျင့် ဤအချိန်တွင် crossing noodles bridge  နောက် သံယောင်လိုက်ရန် ဆုံးဖြတ်လိုက်ပါတယ်။

သူက တစ်‌ဖက်လူနောက် သံယောင် လိုက်မယ် လို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ထို သူနဲ့ သီးသန့်ဆက်ဆံဖို့ ရည်ရွယ်ချက်မရှိဘူး၊ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်တွေကို မမြင် ရသေးခင် ဘေးကင်းတဲ့အကွာအဝေးမှာ ထားရှိတာက အကောင်းဆုံးပါပဲ။ crossing noodles bridgeက  စိတ်အားထက်သန်ပြီး စိတ်ရင်းမှန်ဖြင့် သူ့ကိုနားထောင်ရန် ဖိတ်ခေါ်လာမှတော့  ဒီအခွင့်ရေးကို အသုံး ချကာ တစ်ဖက်လူကိုလည်း အမြင်ကောင်းရစေမယ့်အပြင်  ရှန်ယန့်အတွက် အမှတ်ပေးစနစ်ကိုပါ လေ့လာနိုင်မယ်ပင်။

     

တိုက်ခန်းသို့ပြန်ကြပြီး နေ့လည်စာစားပြီးနောက်မှာ ရှန်ယန့်က ထိုနေ့နံနက်အစောပိုင်းက လှမ်းခဲ့ထားသည့် အင်္ကျီများကို မီးပူတိုက်ရန် ထုတ်ယူလိုက်ပါတယ်။ ရှပ်အင်္ကျီတွေက အရမ်းတွန့်လွယ်လှတယ်။သို့သော် မနေ့ညကခြွင်းချက်အနေနဲ့ ညအိပ်ချိန်မှာ အကျီ မလဲခဲ့ရဘဲ ဒီတိုင်းသာ ဝတ်ထာရင်း အိပ်ပျော်သွားသောကြောင့် သူတို့ နှစ်ယောက် အိပ်ရာကနေ ထလိုက်ချိန်မှာတော့ သူတို့ရဲ့ အင်္ကျီတွေ ဟာ ရှုံ့တွနေပြီပင်။

ရှပ်အင်္ကျီပေါ်ရှိ ရုတ်ရင်းဆန်ခတ် ဖြစ်ပြက်ထားသော အရိပ်အယောင်အကြွင်းအကျန်များက  မနေ့ညက သူတို့ ခန္ဓာကိုယ်များ တွယ်ကပ်နေခဲ့တဲ့ မြင်ကွင်းကို သတိရစေပြီး ရှက်ရွံ့စွာ ချောင်းမဟန်မိဘဲ မနေနိုင်ခဲ့။

ရှန်ယန့်ကက ခေါင်းငုံ့ကာ ရယ်လိုက်ပါရဲ့။ သူဘာမှ မပြောလာခဲ့ပါဘူး၊ အဝတ်အစားတွေကို မီးပူထိုးမယ့် နေရာအပေါ်မှာပဲ ဖြန့်ထားလိုက်တယ်။

အဖြူရောင်အငွေ့များအား မီးပူ အက်ကွဲကြောင်းများမှ စတင်ထုတ်လွှတ်လာပြီးနောက်၊ သူ ကော်လာမှအစပြု၍ ထို တွန့်ကြေနေသောအမှတ်အသားများကို ဖြည်းညှင်းစွာ တိုက်လိုက်ခဲ့တယ်။

သူတို့ နှစ်ယောက်သားက ကြင်စဦးလင်မယားလို တောင် ခံစားရစေတယ်...

ချီကျင့်တစ်ယောက် သူ့ရဲ့ ‌တုံးအလှသော အတွေးကို ဖုံးကွယ်ရန် နောက်တစ်ကြိမ် ချောင်းဟန့်လိုက်လာကာ ရှောင်ကွေးချီ နှင့် ကစားရန် ဟန်ဆောင်ကာ အခန်းမှ ထွက်သွားလိုက်တော့တယ်။

exclusive rights to an online voice actor Where stories live. Discover now