ch 16

47 7 2
                                    

အချိန်ပိုအလုပ်ဆင်းပြီးနောက် ရပ်ကွက်အ၀င်ဝသို့ရောက်သောအခါ အနီးနားရှိဆိုင်များက မှောင်မဲနေပြီး လမ်းတစ်လျှောက်တွင် မီးလုံးတန်းတစ်ခုသာကျန်ရှိတော့တယ်။ လမ်းမီးတိုင်များက ကတ္တရာလမ်းပေါ်ရှိ ဖယောင်းဖြူအလွှာတစ်ခုကဲ့သို့ ဖျော့တော့ အားနည်းသောအလင်းရောင်ကို ထုတ်လွှတ်နေလျက်။

ထိုအချိန်တွင်၊ ဂိတ်တံခါးများပိတ်နေပြီဖြစ်သောကြောင့် ချီကျင့် သည် အစောင့်ခန်း၏ပြတင်းပေါက်ကို ခေါက်လိုက်ရတော့တယ်။ အလုပ်သဘောသဘာဝကြောင့် အလုပ်မှ အိမ်ပြန်ချိန်များကြားတွင် ကွာဟချက်များစွာရှိခဲ့တယ်။ တစ်ခါတစ်ရံ နံနက် ၅ နာရီ သို့မဟုတ် ၆ နာရီအထိ ဖြစ်နိုင်သလို ညလယ် ၂ နာရီ သို့မဟုတ် ၃ နာရီအထိလည်း ဖြစ်နိုင်တယ်။ ဒီလိုအခြေအနေမျိုး အကြိမ်ရေ များလာတာကြောင့် သူ့နေထိုင်ရာ ဧရိယာမှာ အလုပ်လုပ်နေတဲ့ လုံခြုံရေး အစောင့်အားလုံးနီးပါးက သူ့ကို မှတ်မိ နေကြပါတယ်။

"အလုပ်နောက်ကျပြန်ပြီလား ဘယ်နှစ်နာရီရှိပြီလဲ?"

ယနေ့ည တာဝန်ကျသူက အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ကာ ချီကျင့်ကို မြင်သောအခါ ပုံမှန်အတိုင်း နှုတ်ဆက်လာတယ်။

"ဆောင်းဦးရာသီလယ်ပွဲတော်က ရောက်ခါနီးပြီမို့ အလုပ်အများသွားလို့ပါ" လို့ ချီကျင့် က တောင်းပန်တဲ့အပြုံး လေးနဲ့ ပြောခဲ့ပါတယ်။

သူကိုယ်တိုင်လည်း အခုအချိန်က ဘယ်အချိန်မှန်းတောင် မသိဘူး။

အလုပ်အချို့ကို မနက်ဖြန်အထိ ချန်ထားခဲ့နိုင်သော်လည်း ချီကျင့် က  အံကြိတ်ကာ အလုပ်အား တစ်ရက်စောပြီး ပြီး အောင် အကုန်လုပ်ခဲ့တယ်။ ဒါမှသာ မနက်ဖြန် သဘက်ခါမှာ သူ့အလုပ်ကိစ္စအတွက် သိပ်အလျင်လိုမှာ မဟုတ်ပေ။

သူ၏ တိုက်ခန်း အဆောက်အဦးသို့ သွားရာ လမ်းတွင်၊ ချီကျင့် အချိန်ကို စစ်ဆေးရန် သူ့ဖုန်းကို ထုတ် ကြည့်ခဲ့တယ်။ 1:26 AM; တကယ်တော့ တော်တော်စော သေးပါတယ်။  သူရဲ့ မက်ဆေ့စ်စာများကို နှိပ်လိုက်ရာ နံနက်မှ မပို့ရသေးသော မက်ဆေ့ချ်တစ်ခု ပေါ်လာခဲ့တယ်
“ကျွန်တော်နေမကောင်းဘူး” ဟူသောစာသည် လက်ခံသူဘောက်စ် အဆုံးအထိ အလွတ်ရနေသည့် စာမူကြမ်းထဲတွင် လဲလျောင်းနေသေးသည်ကို တွေ့လိုက်ရတယ်။

exclusive rights to an online voice actor Where stories live. Discover now