ch 3

71 7 0
                                    

အခန်း 3

“ထုံချွေ့ထိုင်? မင့်ဟာ ကတရားရော ဝင်ရဲ့လား?”

   တူကီကြက်ကြော်စားနေရင်း ကြားလိုက်ရတဲ့သတင်းကြောင့် နင်ရှောင်ရှောင်  ဘယ်လောက်ထိ တုန်လှုပ်သွားသလဲဆိုတာတုန်ရီနေတဲ့ လက်တွေကြောင့် ကြက်ကြော် က စားပွဲခုံပေါ်သို့ ပြုတ်ကျသွားတဲ့အထိပင်။      

ပထမကတော့ သူထအော်မိပြီး နောက်ဆက်တွဲက တော့ မုန့်တောင်ပြုတ်ကျသွားတဲ့အထိ။
‌နင်ရှောင်ရှောင် မကြုံစဖူး လူလယ်ခေါင်တွင် ယခုကဲ့သို့ ထအော်သည့် ပုံစံကို လုပ်မိလိုက်တာက သူ အဲ့CV ကို ဘယ်လောက် သဘောကျသလဲဆိုတာ ဖော်ပြနေတယ်။

သူမရဲ့ ရဲတပ်သား ရည်းစားက သူမ ဂနာမငြိမ်ဖြစ်လာတာကိုကြည့်ရင်း မျက်နှာက စိမ်းစိမ်းလာလျက်။ ချီကျင့် ရယ်ချင်တာကို ထိန်းရင်းသူ့ဂျူနီယာ ပြုတ်ကျသွားတဲ့ ကြက်ကြော်ကို လူကြီးလူကောင်းဆန်ဆန် ပြန်ကောက်ပေးလိုက်တယ်။သူက အဲ့ကြက်ကြော်ကို နင်ရှောင်ရှောင်ရဲ့ ကောင်လေး ပန်းကန် ထဲကို ထည့်လိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်တယ်

     "အစားစာကို မဖြုန်းတီးသင့်ဘူး ၊ဟုတ်တယ်မလား?"

       
ထို လက်နက်ကိုင် ရဲတပ်သား ကောင်လေးက ချီကျင့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို နင်ရှောင်ရှောင်ဆီမှ ကြားပြီးသားပင်။ သူ့ကောင်မလေး ပြောစကားအရ

  "စီနီယာ က နင့်ကို လိုက်နိုင်တဲ့ ဖြစ်နိုင်ချေ ကသူ ငါ့ကို လိုက်နိုင်တဲ့ ဖြစ်နိုင်ချေထက် ပိုများတယ်"

ထိုသဖြင့် သူလည်း သူလည်း ချီကျင့်ကို ရိုရိုသေသေ မဆက်ဆံတော့။ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက ဂေးဆိုတာ သိထား သော်လည်း အစ ခံရ သဖြင့် လူငယ်လေးက ရှက်ရှက်နဲ့ ခေါင်းကိုလွှဲလိုက်ပြီး မျက်နှာကလည်း အစိမ်းမှ အနီ သို့ ပြောင်းလဲသွားပြန်တယ်။
       

ဒီတစ်ကြိမ်မှာတော့ မျက်နှာစိမ်းသွားရသည်မှာ နင်ရှောင်ရှောင် အလှည့် ဖြစ်လာတယ်။

       
ထုံချွေ့ထိုင်က တကယ့်ကို နတ်ဘုရား စာရင်းဝင်တဲ့ CVတစ်ဦး ဖြစ်တယ်။

  သူ့ကိုသာ ရိုက်ကူးရေးအဖွဲ့ထဲသို့ ဖိတ်ခေါ်နိုင်လျှင် ထို ပရိုဂျူဆာ၏ အလုပ် အတွေ့အကြုံတစ်လျှောက်၌ ဟိုင်းလိုက်အဖြစ် သက်မှတ် ခံရမည်မှာ မလွဲမသေပင်။
  ထို့သဖြင့် ဤ CV က ပရော်ဖက်ရှင်နယ် အသံသရုပ်ဆောင်သည့် နောက်ခံမှ လာတာဖြစ်ပြီး သူရဲ့ အသံအရည်သွေးကလည်း ကွာလတီ ကောင်းမည်ဆိုတာကတော့ ထည့်ပြောစရာ မလိုပေ။သူက ဇာတ်ကောင်ထဲသို့ ဝင်ရောက် ရန် အာရုံစူးစိုက်မှု ကောင်းတယ် ဆိုတဲ့ သုံးသပ်ချက် အများအပြားကိုလည်း လက်ခံရရှိခဲ့သေးတယ်။

exclusive rights to an online voice actor Where stories live. Discover now