ch 28

38 9 1
                                    

နှစ်ပေါင်းများစွာ ခွဲစိတ်မှု စားပွဲပေါ်တွင်သာ   ကိုင်ဆောင်လာခဲ့သော လက်တစ်စုံရဲ့ နောက် အံ့အားသင့်ဖွယ် စွမ်းအားတွေ ရှိနေခဲ့တယ်။ချီကျင့် ကမူ ပေါ့ပါးလှတဲ့ ချုပ်နှောင်မှုမှ လုံးဝမလွတ်မြောက်နိုင်ခဲ့ပေ။ ရှန်ယန့် သူ့ ဘေးသို့ဆွဲတင်လိုက်သော လှုပ်ရှားမှုကြောင့် သူ့လက်က ဟန်ချက်ပျက်သွားကာ သူတို့ နှစ်ယောက်အကြားရှိ  ထိုင်ခုံရှ်ိနေရာလွတ်ပေါ်သို့ ယိုင်သွားလေတယ်။
သူ့မှာရှိသမျှ  ခွန်အားအကုန်လုံးကို ဆုံးရှုံးသွားရသကဲ့သို့ ခံစားရနေလျက်

မိုးက ဆက်ရွာနေခဲ့တယ်။

မရင်းနှီးသော စန္ဒယားသံစဉ်က တက္ကစီရဲ့ ရေဒီယိုကနေ ပျံ့လွင့်နေခဲ့တယ်။ တက္ကစီမှန်ပြတင်းပေါက်အပြင်ဘက်တွင် ရွာနေဆဲ ဖြစ်သည့် မိုးအသံများနှင့်အတူ နားဆင်ရန် ပြီးပြည့်စုံသော ရှည်လျားပြီး တိတ်ဆိတ်လှတဲ့သံစဉ်တစ်ခုပင်။

တက္ကစီသမားက ဂီတတွင် လုံးလုံးလျားလျား နစ်မြုပ်နေပုံရပြီး စတီယာရင်ပေါ်တွင် အာရုံစူးစိုက်မှုအပြည့်ဖြင့် တေးသွားကို ညင်သာစွာ လိုက်ညည်းနေပုံရတယ်။ အခြားတစ်ဖက်တွင်မူ ရှောင်ကွေးချီမှာ သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုသာ စိတ်စွဲလန်း နေပြီး ၎င်းရဲ့ လက်တွေကို ပျော်ရွှင်စွာ လျှက်နေခဲ့တယ်။

ချီကျင့်ရဲ့ နောက်ကျောက လုံးဝ တောင့်တင်းသွားလျက်။ သူနည်းနည်းကြွပြီး ပြတင်းပေါက်ခုံနားကို ကပ်လိုက်ချင်ခဲ့ပေမယ့် ယခုတော့ ထကိုမထနိုင်၊ ဒူးတွေ လုံးဝအားနည်းနေရုံတင်မကဘဲ ခြေဖဝါးတွေကတောင် ထော့နဲ့နေပြီး  လှုပ်ရှားဖို့ ခွန်အားလုံးဝ မရှိခဲ့။

သူ့အာရုံတွေအားလုံးက သူ့ညာဖက်လက်ကိုပဲ အာရုံစိုက်နေပုံရတယ်။

ဆုပ်ကိုင်ထားခံရတာက သူ့လက်မဟုတ်ဘဲ သူ့နှလုံးသားလားများတောင် တွေးမိနေခဲ့တယ်။

ထိုအခိုက်အတန့်တွင် သူရဲ့နှလုံးက လျင်မြန်လွန်းသောကြောင့် တစ်စုံတစ်ယောက်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသကဲ့သို့ ခံစားနေခဲ့ရတယ်။ သူ့နှလုံးသားက ပြင်းထန်စွာ တဒိန်းဒိန်းခုန်လာကာ နောက်ဆုံးအကြိမ်ကထက် ရင်ခုန်ခုံသံပိုကျယ်လာသည်နှင့်အမျှ သူ့နားထဲ၌ပင် အနည်းငယ် ကြားနေရတယ်။

exclusive rights to an online voice actor Where stories live. Discover now