ch 48

95 13 2
                                    

ရှန်ယန့်....

သူ့တွင် ခွန်အားတစိုးတစိမှမရှိတော့ဘဲ ထိုစကားလုံးနှစ်လုံးအတွက် သူရဲ့ နောက်ဆုံး လက်ကျန်ခွန်အားများပါ ကုန်ဆုံးသွားသလိုပင်။

ထိုနာမည်ကို လှမ်းခေါ်လိုက်သော အသံမှာ အလွန်ပေါ့ပါးလှသောကြောင့် တီးတိုးသံထက် မပိုပေ။

ထို့နောက် ချီကျင့်က ရှန်ယန့် လှုပ်ရှားမှုများ ခဏရပ်သွားသည်ကို ခံစားလိုက်ရလေတယ်။ ရပ်တန့်ရုံမျှသာဖြစ်ကာ မလွှတ် ပေးခဲ့ပေ။

သူတို့ နှစ်ယောက်အကြား တိတ်တဆိတ်ကျလာသော မိုးဖွဲဖွဲလေးများက အခန်းထဲသို့ စိမ့်ဝင်သွားလေသလားတော့မသိ ။ ချီကျင့်ခန္ဓာကိုယ် အပေါ်မှ လက်များမှာ ပြတင်းပေါက်ပေါ်၌ တွယ်ကပ်နေသည့် မိုးရေစက်များသကဲ့သို့- မည်သို့ပင်ဖြစ်စေ ကုန်သွားသော အချိန်က အိတ်ကပ်ထဲတွင် ရှိနေသလိုမျိုး ခံစားချက်က သူတို့အား တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းခွင့်ရစေခဲ့လေတယ်။

ချီကျင့် သူခံစားနေရတဲ့ တိတ်ဆိတ်နေတဲ့ အခြေအနေမျိုးကြားမှ အသိသိတ်ကို အနည်းငယ် ပြန်လည်ခံစားနိုင်ခဲ့သော်လည်း ခွန်အားပြန်လည်ရရှိလာတာနှင့်အမျှ ၎င်းကို တူညီသောစကားလုံးနှစ်လုံးဖြင့် ထပ်မံအသုံးပြုခဲ့လေရဲ့။

"ရှန်ယန့်..."

ရှန်ယန့်ကမု ကြွက်သားများကို မလှုပ်ရှားဘဲ ထိုဟန်ကိုသာ ထိန်းသိမ်းထားဆဲ။

သူက စီရင်ချက်ချခြင်းကို စောင့်မျှော်နေသော အပြစ်သား တစ်ဦးကဲ့သို့။ ရှန်ယန့်ရဲ့လည်ပင်းအဝိုက်တွင် မျက်နှာကို အနည်းငယ် မြုပ်ထားစေလျက် ဘာမှ မပြောဘဲ ခုခံကာကွယ်ထားရင်း မသိစိတ်ကနေ သူ့လက်များကို တင်းတင်းကြပ်ကြပ် ဖက်ထားပြန်‌တယ်။

ချီကျင့် က သူ့ကို ဘယ်လိုပြစ်ဒဏ်မျိုး ပဲချမှတ်လိုက်ပါစေ၊အခုတော့ ဒီနွေးထွေးမှုလေးကို တန်ဖိုးထားနေမိချင်တယ်။

သို့သော်လည်း တစ်ဖက်လူရဲ့ ပါးစပ်မှ ထွက်လာသော စကားများက ငြင်းဆန်ခြင်း မဟုတ်ခဲ့။ ဒါမှမဟုတ် ငြင်းဆိုခြင်းထက်၊ ခွင့်ပြုချက်ဟု ပြောလျှင် ပိုမှန်လောက်တယ်။

exclusive rights to an online voice actor Tempat cerita menjadi hidup. Temukan sekarang