ch 43

33 8 0
                                    

နောက်ထပ် သူတို့ ညစာစားတဲ့ အချိန်မှာတော့ အားလုံး ချောချောမောမောပါပဲ။

ချီကျင့် နှင့် နင်ရှောင်ရှောင် တို့ကတော့ ဒိုင်ခံ စကားစမြည်ပြော နေခဲ့ကြပြီး သူတို့နှစ်ဦးစလုံး ယခင်က အကြောင်းအရာကို ခွင့်မပြုဘဲ အခြား ထွေရာလေးပါးတွေကိုသာ  အတိုင်အဖောက်ညီညီ ပြောနေခဲ့ကြလျက်။ အလုပ် အကြောင်း၊ ရှောင်ကွေးချီ နဲ့ ချီကျင့်ရဲ့ ပြန်လည်ထူထောင်ရေး စတဲ့ အခြေအနေတွေလို အခြားမသက်ဆိုင်တဲ့ကိစ္စတွေကို ပြောခဲ့ကြတယ်။

ထိုကဲ့သို့အချိန်မျိုးမှာ ရှန်ယန့် က ရံဖန်ရံခါ တစ် ခွန်း နှစ်ခွန်း ဝင်ပြောလေ့ရှိလေတယ်။ သူ့အပေါ် အားနာသလိုခံစားရပုံ ပေါ်ပါတယ်၊ နင်ရှောင်ရှောင် ကလည်း ရှန်ယန့်စကား တွေနောက် အားပေးအားမြှောက်လုပ်ပြီး ဆက်ပြောဖို့တောင် နှိုးဆော်လိုက်ပါ သေးတယ်။

ဒီလိုနဲ့ပဲ သူတို့နှစ်ဦး ချီကျင့် မပါဘဲနဲ့တောင် သင့်လျော် လျောက်ပတ်စွာနဲ့ စကားစမြည်ပြောဆိုနိုင်ကြလေပြီ ။

  ချီကျင့်ကတော့  ရှန်ယန့် အတွက် ဟော့ပေါ့ထဲမှ အသားငါးအချို့ကို ရှာပေးနေကာ နူးညံ့သောအပြုံးတစ်ခုနှင့် သူတို့ပြောနေတာကို နားထောင်ရန်သာ အာရုံစိုက်ထားလျက်။ ရှန်ယန့်ကို ထည့် မပေးခင် အအေးခံဖို့ သူ့ပန်းကန်ထဲမှာ အရင် ထည့်ထားခဲ့လိုက်တယ်။

ချီကျင့်  နင်ရှောင်ရှောင် ထံမှ လျှို့ဝှက်ထားခဲ့တဲ့ အရာတစ်ခု ရှိပါသေးတယ်၊  ရှန်ယန့်က အမှန်တကယ်မှာ Geese Fly North ဖြစ်ကြောင်းကိုပေါ့။

ချီကျင့် က ရှန်ယန့် အသံသရုပ်ဆောင်တာကို သိတယ်လို့သာ ပြောခဲ့ပေမယ့် ရှန်ယန့်  ကိုယ်တိုင်ဟာလည်း CV တစ်ယောက်ပါ ဆိုတာကို ထုတ်မပြောခဲ့ပါဘူး။ ရှန်ယန့်က အခြားအသုံးပြုသူအမည်ဖြင့် ပြိုင်ပွဲတွင်ပါဝင်ထားတာမို့ သဘာဝကျကျဖြင့်၊  ပို၍ပင် အနီးကပ်စောင့်ထိန်းထားတဲ့ လျှို့ဝှက်ချက်တစ်ခုပင်။

  သူ့ဂျူနီယာက ပရိသတ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အဲဒီမှာ သေချာပေါက်ရှိနေမယ်ဆိုတာ သူသိထားပြီး ပြိုင်ပွဲမစခင်မှာ တစ်စုံတစ်ရာကို ပေါက်ကြားသွားအောင် သူမလုပ်စေချင်။

exclusive rights to an online voice actor Where stories live. Discover now