ch 9

35 9 0
                                    

သတိပေးချက်- တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု

       

       

သူ့ အတွေ့အကြုံကို အခြေခံ၍ “ထုတ်ပြောလို့ကောင်းရဲ့လား မသိ။” ဟူသော စကားလုံးအများစုမှာ ထုတ်ပြောလို့မကောင်းပေ။

       

မပြောသင့်ပေမယ့် ထိန်းထားရတာ ကလည်းတကယ့်ကို စိတ်မသက်မသာ ဖြစ်စေပါတယ်။

ချီကျင့် သူမပြောမည့်အရာကို အခြေခံအားဖြင့် ခန့်မှန်းထားသော်လည်း

ဆက်ပြောလေ။

   သူက ကီးဘုတ်ပေါ်မှာ စာတိုတိုလေး ရိုက်ထည့်လိုက်တယ်။

အရင်တုန်းကတော့ နားထောင်သူဟာ တခြားသူတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့  တခြားသူရဲ့ နားထောင်သူဖြစ်ရသွားရတဲ့  အပြောင်းအလဲအတွက် သူစိတ်မ၀င်စားပေ။

သူ့သဘောတူခွင့်ပြုချက်ရပြီးနောက်၊ လေးထောင့်ဖြတ်ဓားက ရေခဲပါးပါးပေါ်တွင် နင်းနေရသလိုမျိုး ခေါင်းစဉ်ကို သေသေ ချာချာမဆက်မီ စက္ကန့်အနည်းငယ်ကြာအောင် အသေအချာ တွေးတောနေဆဲ။ သူနဲ့ လေးလေးနက်နက် ဆွေးနွေးရမယ့် အချိန်တိုင်း၊ သူမက သူ့ကို "Return Date" လို့ တိုက်ရိုက်ခေါ်ပြီး "-sama" နဲ့ အဆုံးသတ်သွား လေ့ရှိတယ်။

ဒါရိုက်တာ - ထောင့်လေးထောင့် ဖြတ်ဓား- Return Date၊ အောက်မှာ ကျွန်မပြောမယ့် စကားတွေက  ကျွန်မရဲ့ မကောင်းတဲ့ အတိတ်ရဲ့
တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်တယ်။ကျွန်မတို့ တစ်နေ့စိတ်ဆိုးကြပြီး ပြောကြဆိုကြ ကွဲကွာသွားကြရင် ရှင် ဒီစာတွေကို စခရင်ရှော့ရိုက်ပြီး ဖိုရမ်မှာ တင်ထားလို့ရနိုင်တယ်။ ဒီစာ တွေက ကျွန်မ IDကိုအတင်းအကြပ် ခြိမ်းခြောက်ပြီး  အသိုင်းဝန်းထဲက ထွက်သွားဖို့ တွန်းအားပေးနိုင်တဲ့ အထိဖြစ်နိုင်တယ်။
    

     

CV - ငါပြန်လာမယ့်ရက်ကို လာမမေးနဲ့- ကျွန်တော်က အဲ့သလိုကိစ္စမျိုးကို ဘယ်တော့မှမလုပ်ဘူး၊ စိတ်ချပါ။ ^_^

ဒါရိုက်တာ - ထောင့်လေးထောင့် ဖြတ် ဓား - ဒါဆို ကျွန်မတကယ် စပြောတော့မယ် နော်...

exclusive rights to an online voice actor Where stories live. Discover now