ch 14

36 7 0
                                    

နောက်နေ့မနက်စောစော အိပ်ရာက နိုးလာတဲ့အခါ ချီကျင့် ​​သူ့ခေါင်းကို အနည်းငယ် တဆတ်ဆတ် တုန်နေသလို ခံစားလိုက်ရပါတယ်။ နှိုးစက်နာရီကို ငုံ့ကြည့်လိုက်တော့ အိပ်ချိန်လေးနာရီပဲရှိသေးတာကို သူသဘောပေါက်သွား လေတယ်။

အလုပ်ဆင်းချိန်အထိ အိပ်ချင်နေသော်လည်း အိပ်ယာပေါ် လှန်လှဲလိုက်ရာ ပြန်မအိပ်နိုင်။ ထို့ကြောင့် ရေတစ်ခွက်သောက်ရန် အိပ်ရာမှထရန် ဆုံးဖြတ်လိုက်လေတယ်။

အဖျားနည်းနည်းတက်သွားတယ်ထင်တယ်။

မနေ့ညက ဆိုဖာပေါ်မှာ နှစ်နာရီကြာ အိပ်ရာမှ အအေးမိသွားကာ သူခြုံထားခဲ့သော ဂျာကင်အင်္ကျီက တစ်ချိန်ချိန်တွင် ကြမ်းပြင်ပေါ်သို့ ချော်ကျသွားခဲ့ပုံရတယ်။

ချီကျင့် ဆေးသောက်ခြင်းကို အလွန်မုန်းလှတယ်။ ဘာလို့ဆို သူ့ခန္ဓာကိုယ်က အနောက်တိုင်းဆေးတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်တာမို့။ အကျိုးသက်ရောက်မှုများက အများအားဖြင့် သူ့ကို တစ်နေ့လုံး အားနည်းစေကာ အဆက် မပြတ် မူးဝေခါစေတယ်။ ဒါ့ကြောင့် သူ အပြင်းအထန်မဖျားပါက ၎င်းတို့ကို ရှောင်လေ့ရှိတယ်ပင်။ အဲဒီလိုပဲ အဖျားနည်းနည်းပဲ ရှိတာနဲ့ ကြုံတဲ့အခါ ခံနိုင်ရည်ရှိအောင် စောင့်ဆိုင်းရတတ်တယ်။

ယခုအချိန်တွင် လူ့အဖွဲ့အစည်းမှာ နံနက်ခင်း၏ ငြိမ်သက်မှုကို လွှမ်းခြုံထားဆဲ။ ဝင်းဒိုးမှတောက်ပသောအဖြူရောင်အလင်းမှာ  လင်းထိန်စေသော်လည်းအခန်းကိုမနွေးနိုင်ခဲ့။

အဖျားရှိသူတစ်ဦးမှာ  အအေးဒဏ်ကို အလွန်ခံစားလွယ်တယ်။ ရေတစ်ခွက်သောက်ဖို့ မီးဖိုချောင်ထဲဝင်သွားပေမယ့် သောက်ပြီးတာနဲ့ သူ့တစ်ကိုယ်လုံး အေးစက်နေတဲ့ အအေးဒဏ်ကြောင့် လက်တွေ တုန်နေပြီပင်။ ချီကျင့် စောင်များအောက်တွင် မြုပ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

"မနက်ခင်းမှာ အချက်အလက်တွေ စုဆောင်းရမယ်၊ နေ့ခင်းပိုင်းမှာ မြို့အနောက်ဘက်က သယ်ယူပို့ဆောင်ရေးဌာနနဲ့ အင်တာဗျူးလုပ်၊ ညနေပိုင်းမှာ ဆောင်းဦးပေါက် အထူးအစီအစဉ်ကို ထုတ်မယ်..."

exclusive rights to an online voice actor Where stories live. Discover now