ch 17

49 9 9
                                    

ပထမတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

စူးစူးဝါးဝါး အသံက သူ့နားက ချက်ချင်း ထွက်ပေါ်လာတယ်။ ချီကျင့် အသံ၏အရင်းအမြစ်ကို တားဆီးရန် သူ့လက်ကို အလိုလို မြှောက်ထားလိုက်ခဲ့ လေတယ်။

ထို့နောက် သူ့လက်ကို ပြင်းထန်စွာ နာကျင်စေခဲ့လျက်-

ပြီးတော့ဘာဆက်ဖြစ်လဲ?

အစကတည်းက သူ့မှတ်ဥာဏ်ထဲမှာ ကွဲထွက်သွားပြီး နောက်ဆက်တွဲဖြစ်လာတာကတော့ သူ့အသိစိတ်အား အမှောင်ထုက ဝါးမျိုသွားခြင်းပါပဲ။ သူ ဘာဖြစ်သွားလဲ သူမသိ။

သူပထမဆုံးဆုံးရှုံးလိုက်ရတာက သူ့ရဲ့အကြားအာရုံဖြစ်သလို သူပြန်ရရှိတဲ့ ပထမဆုံးအရာလည်း ဖြစ်ပါတယ်။

ဖရိုဖရဲ အမှောင်ထုထဲ၌ ဖန် အပိုင်းအစ သန်းပေါင်းများစွာ ကွဲအက်သွားတဲ့ အသံနဲ့ ဆင်တူတဲ့ အရာတစ်ခုကိုလည်း သူကြားလိုက်ရတယ်။ ကြည်လင်အေးမြသော အသံများ ပြတ်တောက်သွားသည် နှင့်အမျှ သူ့မျက်လုံးများက ဟသွားကာ ပွင့်သွားသည် ။ ဘယ်ဟာက အတည့်လဲ ပြောင်းပြန်လည်း ဆိုတာကိုပင် မပြောနိုင် တော့ဘဲ ကောင်းကင်နဲ့ မြေကြီးဟာ ဇောက်ထိုးဖြစ်သွားသလိုပါပဲ။

“အာ့…”

ချီကျင့်ရဲ့ နှာသီးဖျားတွင် အေးစက်သော ချွေးများ တစ်လုံးပြီး တစ်လုံး ထွက်လာသည်နှင့်အမျှ ချီကျင့် ၏ ခေါင်းသည်လည်း ချာချာ လည်နေခဲ့တယ်။

သူကို သတိပြန်ရလာစေတဲ့ အရာက လေကို အသဲအသန် ရှူရှိုက်ရင်း သူ့လည်ချောင်းက ထွက်လာတဲ့ အသံပါပဲ။

သိပ်မဝေးသောအရပ်မှ ကရိန်းရဲ့ လေးလံသော လှုပ်ရှားမှု၊ လူနာတင်ယာဉ်ရဲ့ ကျယ်လောင်လှသော ဥဩသံ၊ ထမ်းစင်များမှ သတ္တုသံများ အော်ဟစ်သံများ၊ နားထဲတွင် ပဲ့တင်ထပ်နေသည့် လူများရဲ့ အော်သံကိုလည်း ကြားနေရတယ်။

"အဲဒီမှာ တစ်ယောက်ယောက် ရှိနေတုန်းပဲ!"

“ဒီကားက ပုံပျက်သွားတာ ပိုပြင်းထန်တယ်။ လူလည်း တုန်လှုပ်သွားပြီး တုံ့ပြန်မှု မရှိတော့ဘူး။ ဒီကားကိုဖွင့်လိုက်တဲ့အခါ အထူးဂရုစိုက်။"

exclusive rights to an online voice actor Where stories live. Discover now