ch 41

28 5 0
                                    

နင်ရှောင်ရှောင် နှင့် ချီကျင့် တို့ မြို့မြောက်ဘက်၌ ည ၇ နာရီတွင် တွေ့ဆုံခဲ့ကြတယ်။

ဘာလို့ဆို ချီကျင့် ပေးပို့ခဲ့တဲ့စာသားမက်ဆေ့ချ်ကြောင့်ပါပဲ- ချီကျင့် သူတို့အိမ်မှာ ကြောင်လေးတစ်ကောင်ရှိလို့  သူတို့တွေသာ အတော် ဝေးတဲ့နေရာကို သွားရင် လူမရှိတုန်း တစ်ခုခုဖြစ်သွားမှာကို ကြောက်တဲ့အတွက်ကြောင့် အနီးနားက တစ်နေရာတည်းမှာပဲ တွေ့ဖို့ သဘောတူလိုက်တာပင်။

နင်ရှောင်ရှောင် က တော့အဆင်သင့်သဘောတူလာခဲ့လျက်။ အမှန်တကယ်တော့ သူမဖုန်းဆက်ပြီး တစ်နာရီခန့်အကြာတွင် ချီကျင့် ထံမှ ထိုစာသားမက်ဆေ့ခ်ျကို လက်ခံရရှိရာ  သူ့ရဲ့ လက်ထောက်လေး-kun မှ သူမနှင့်အတူ ညစာစားရန် သဘောတူလိုက်တာကို သိလိုက်ရသောအခါတွင် သူမ ပျော်ရွှင်စွာဖြင့် ချက်ချင်း လက်ခံလိုက်လေတယ်။

  သူမ ဝမ်းသာလွန်းလို့ ရွှံ့တစ်ဝက်ခြောက်နေတဲ့ သူမရဲ့မျက်နှာဖုံးလေး ကွဲအက်သွားလေပြီ ။ တစ်မြို့လုံး ပတ်ပြီး တက္ကစီစီးရတာထက် မိနစ်နှစ်ဆယ် တိုတောင်းတဲ့ ဘတ်စ်ကားစီးရတာ ပိုပျော်စရာ ကောင်းလှတယ်။

ထို့အပြင် ချီကျင့် ကလည်း ထူးဆန်းသော လိုအပ်ချက်တစ်ခု ပြုလုပ်ခဲ့ပြန်တယ်။

“အာမခံချက်နဲ့ သီးသန့်နေရာထိုင်ခင်းရှိတဲ့ အတော်လေး တိတ်ဆိတ်တဲ့ စားသောက်ဆိုင်ကို ငါ ရွေးချယ်ခဲ့တယ်။ တစ်ခုတည်းသောအားနည်းချက်ကတော့၊ စျေးနှုန်းတွေကတကယ့်ကိုမြင့်တယ် မင်းသာစိတ်​မရှိရင်​ ညစာက စီနီယာကျွေးတာပဲ"

    

နင်ရှောင်ရှောင် မိတ်ကပ်မှန်ရှေ့တွင် eyeliner ဆိုးနေစဉ် ဤထူးဆန်းသော လိုအပ်ချက်ကို တွေးတောနေမိလေတယ်။

ဟုတ်ပါတယ်၊ စီနီယာ က သူ့ကို ညစာ ကျွေးဖို့ ဆန္ဒရှိနေရင်  အခွင့်ကောင်းယူလိုက်ရ၍ သူမ ပိုပျော်နေပါလိမ့်မယ်။

မြို့ရဲ့မြောက်ဘက်ရှိနေရာလေးမှာ မြို့ဟောင်းလေး တစ်နေရာပင်။ မြို့ပြစီမံကိန်းမှာ ယခင်ကလောက် မဖွံ့ဖြိုးသေးသောကြောင့် အစောပိုင်းအဆင့်များတွင်သာရှိကာ လမ်းများ ကကျဉ်းမြောင်းလှပြီး ဗိသုကာပုံစံမှာလည်း ခရိုင်အသစ်များကဲ့သို့ စနစ်တကျမရှိပေ။ ဘတ်စ်ကားပေါ်မှဆင်းပြီးနောက် နင်ရှောင်ရှောင်တစ်ယောက်  နေရာမှန်ကိုရှာဖွေရန် အတော်လေးကြိုးစားခဲ့ရပြန်တယ် ။

exclusive rights to an online voice actor Where stories live. Discover now