ch 5

39 7 0
                                    

“ဘာလို့ ငါလဲ?” ထိုလူက အသံနိမ့်နိမ့်ဖြင့် မေးလာခဲ့တယ်။

“ငါသာ အဖြေကိုသိမယ်ဆို, ငါ ဒီလောက်ထိ… နာကျင်ရမှာမဟုတ်ဘူး,” တုန်ရီနေတဲ့ အသံတစ်သံက ပြန်ဖြေလာခဲ့တယ်။. ထို့နောက်, ထို့နောက် သေနတ်မောင်းတံကို ဆွဲလိုက်တယ်…

ဘန်း—!

ပြီးတော့ ပထမအပိုင်းရဲ့ ဇာတ်ညွှန်းရဲ့ နောက်ဆုံးဇာတ်ဆောင်က ပြီးသွားပြီပင်။

နောက်ဆုံးစာကြောင်းကို ဖတ်ပြီးနောက်၊ လူတိုင်း၏ အချက်ပြမီးသည် ငါးစက္ကန့်ပြည့်အောင် မှိန်သွားခဲ့တယ်။တစ်ချိန်လုံးအသက်အောင့်ထားခဲ့တဲ့ ဒါရိုက်တာက အခုမှသာ အသက်ဝဝ ရှုနိုင်တော့တယ်။မိုက်ခ်ကို ပိတ်ထားတဲ့ အခြားကောင်မလေး နှစ်ယောက်ကလည်း ပြန်ဖွင့်လာပြီးတော့ ဘာမှ မပြောကြသေးခင် CV နှစ်ယောက်ကို နွေးထွေးတဲ့ လက်ခုတ်သံတွေနဲ့ ချီးမြင့်လိုက်လျက်။

       
“အရမ်း ကောင်းတယ်! အရမ်း ကောင်းတယ်!”

“သောက်ရမ်း မိုက်တယ်! မျက်နှာတောင် ပူလာတာပဲ! ပြီးတော့ အဲ့ဒေါသ အဆင့်ကလည်း တအားကိုမိုက်တယ်!” ရဲရဲတောက် ပန်းနီလေးက, “ဒေါသ အဆင့်” ဟူသောစကားလုံးကို ပြောတဲ့အခါ  အကောင်သေးသေးလေးကဲ့သို့ နူးညံစွာ တိုးတိုးလ ပြောလာခဲ့တယ်။

      

     
“ကျေးဇူးပါ,” ချီကျင့်က အပြုံးဖျော့ဖျော့ လေးဖြင့် ချီးကျူးစကားတွေကို ပြန်ဖြေ လိုက်တယ်။,  ဒီတစ်လျှောက်လုံးမှာ,  ထောင့် လေးထောင့်ဖြတ်ဓားနဲ့  ဇာတ်ကွက်အမျိုးမျိုးအတွက် အသံသရုပ်ဆောင်မှုကို ဆွေးနွေးရန် မကြာခဏ ခေတ္တရပ်ခဲ့ကြသေးတ်ပင်။အနည်းငယ် လိုနေသေးတဲ့  အရေးကြီးတဲ့ အပိုင်းတွေမှာ ဒါရိုက်တာ ပြောတာကို နားထောင်ဖို့ ခေတ္တ ရပ်ခဲ့ကြတယ်။တစ်ခါတစ်လေမှာတော့ အဲ့အပိုင်းတွေအတွက် နှစ်ကြိမ် ‌ဒါမှမဟုတ် သုံးကြိမ် လောက် ပြန် ပြောခဲ့ကြရတယ်။အဆုံးမှာ သူတို့ ဇာတ်ကွက်တွေအားလုံးကို အမှန်တကယ် ပြီးသွားခဲ့ပြီပင်။

သူရဲ့ အတွေ့အကြုံအရ ပထမဆုံး အပိုင်းမတွက် ဒီစာသားပမာဏ များတယ်လို့ မသတ်မှတ်နိုင်။ဒါပေမယ့် တစ်ဖက်လူနဲ့ အပြိုင် သရုပ်ဆောင်ရတဲ့အခါမှာ
ခံစားမှုပိုင်းမှာတော့ ကွာခြားမှုရှိပါတယ်။ အထူးသဖြင့် တင်းမာမှု ပြင်းထန်သည့် ဇာတ်ကွက်များတွင် ချီကျင့်  ရိုက်ကူးနေရင်းနဲ့ သူ၏ကျောပေါ်၌ ချွေးအေးများ ကျနေသည်ကို ခံစားခဲ့ရတယ်။

exclusive rights to an online voice actor Where stories live. Discover now