ch 15

44 7 5
                                    

သူ့ရင်ဘတ်ပေါ်မှာ ခြေသည်းလေးတွေ ကုတ်ခြစ် နေသလို ခံစားလိုက်ရသဖြင့် ရှန်ယန့်နိုးလာခဲ့တယ်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ အားအင်တွေပြည့်နှက်နေတဲ့ ကောင်လေးရဲ့မျက်နှာကို မြင်လိုက်ပြီး သူ ငုံ့ကြည့်လိုက်တယ်။ ကောင်းကောင်းအိပ်ပျော်သွားသဖြင့် အစာစားချင်စိတ်ရှိလာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊
အခုတော့ ဗိုက်ဆာပြီး စားချင်လာပုံရပြီပင်။
ရှန်ယန့် အနည်းငယ်ပြုံးကာသူ့လက်ကို ဆန့်တန်းပြီး ကြောင် လေး၏နားရွက်ကြားရှိ အမွေးအပေါက်လေး တွေကိုညင်သာစွာ ပွတ်သပ်လိုက်လေတယ်။

ကလေးလေးက နေရတာ သက်သောင့်သက်သာရှိသလိုပင် သူ့ခန္ဓာကိုယ်ကို ကွေးပြီး သူ့ ရင်ဘတ်ပေါ်လက်များဆန့်တန်းလိုက်လျက်။
သူ ရွေ့လျားသွားသည်နှင့် အနီးကပ် ခပ်လှမ်းလှမ်းမှ စက္ကူသံတစ်ခု ထွက်ပေါ်လာကာ ကြောင်၏ လက်အောက်တွင် စက္ကူအပိုင်းအစ များစွာ ရှိနေသည်ကို သူ သတိထားမိလိုက်ခဲ့တယ်။

သေသေချာချာ ကြည့်လိုက်လျှင် စာရွက်အပေါ်၌ စာသားတစ်ချို့ ရေးထားတာကို တွေ့နိုင်တယ်ပင်။

တစ်ရေးမအိပ်ခင်က သူ ထိုစာရွက်ကို မတွေ့ဖူးသည်မှာ အသေချာ။ ရှန်ယန့် အံ့သြ သင့်သွားကာ ပထမဦးစွာ ကြာင်ကလေးရဲ့ လက်ဖဝါးအောက်မှ စာရွက်လေးကို အသာအယာ ထုတ်လိုက်လေတယ်။

သူ ယူလိုက်တဲ့ အချိန်မှာ သာရွက်အစဉ်လိုက် တွေအကုန်လုံးက ရှုပ်ထွေးသွားပြီဖြစ်တယ်။သူစာရွက်ထဲက အကြောင်းအရာတွေကို မဖတ်ခင်မှာပဲ စာရွက်နောက်ကျောမှ လက်မှတ်လေး ဆီသို့ သူ့အကြည့်များ အရင် ကျရောက်သွားလေတယ်-

ချီကျင့်?

အိမ်မက်ကနေ လန့်နှိုးသွားသလို သူခံစားလိုက်ရပြီးမှ သူမတ်တပ်ပင် ထရပ်မိသွားခဲ့လျက်။ သူ့‌ ခြေထောက်က ဆိုဖာဘေးရှိ တစ်ခုခုနဲ့ တိုက်မိသွားတာမို့ စောင်ထဲက ကြောင်လေးက လှ်ိမ့်ကျသွားလေတယ်။

ထိုအရာက ကြမ်းပြင်ပေါ်သို့ ဒုတ်ဟူသောအသံဖြင့် ကျသွား‌ခဲ့တယ်။

ဘာလဲဆိုတာကြည့်ဖို့ သူခေါင်းကိုငုံ့လိုက်ရာ ငွေရောင် လက်ဆောင်ဘူးဖြင့် ထုတ်ပိုးထားသည့် လမုန့် ကိတ်ဘူးဖြစ်နေခဲ့တယ်။

exclusive rights to an online voice actor Where stories live. Discover now