ch 21

48 8 0
                                    

       
နောက်နေ့ကျတော့ မိုးက နည်းနည်းစဲလာတယ်။
ချီကျင့် နိုးလာသောအခါ ပြတင်းပေါက်မှ မိုးရေများ တဖျပ်ဖျပ်ခတ်သံက ကြားရုံမျှသာဖြစ်ပြီး အမှုန်အမွှားတစ်ခုစီက ချည်မျှင်ကဲ့သို့ ပျော့ပျောင်းစွာ ကျဆင်းလာခဲ့တယ်။
အဲဒီကားမတော်တဆမှုကြောင့် ဆေးရုံတက်ပြီးကတည်းက နှစ်တွေအတွင်းမှာ ပုံမှန်အဖြစ်ဆုံးအိပ်ချိန် ရှိခဲ့ လေတယ်။

        သူ့အိပ်စက်မှုအရည်အသွေးက ကြီးကြီးမားမားမဟုတ်သေးပေမယ့် မျက်လုံးဖွင့်လိုက်တော့ တောက်ပတဲ့မနက်ခင်းအလင်းရောင်ကို မြင်ရ၍ တော်တော်အေးချမ်းသွားတယ်။

       
ဟုတ်ပါတယ်၊ သူအိပ်ယာပေါ်မှာလှဲနေချိန်မှာ သူ့ခန္ဓာကိုယ်ကို ဘေးလှည့်နိုင်ရင် ပိုကောင်းလိမ့်မယ်ပင်။
သူ့အိပ်နေတဲ့ အနေအထားကို ကန့်သတ်ထားရတဲ့အပြင် ချီကျင့် က စိတ်အကျပ်ဆုံးအရာနှစ်ခုဖြစ်တဲ့ အဝတ်အစားလဲပြီး ရေချိုးတာကို အတော်လေး ခံစားခဲ့ရပါတယ်။

       
သူဆေးရုံတက်တုန်းကတေယ့ သူနာပြုတွေဆီက အကူအညီတွေ ရသေးတယ်။ ခွဲစိတ်ပြီး ပထမရက်အနည်းငယ်ကြာတော့ သူ့ကိုယ်သူ ပဝါနဲ့ ရေနွေးဇလုံတစ်ခုနဲ့ ပေါ့ပေါ့ပါးပါး သုတ်ပစ်လိုက်တယ်။ လက်ကပိုကောင်းလာတဲ့ အချိန် ဆေးရုံရဲ့ အများသူငှာ ရေချိုးခန်းသွားရာမှာ သူ့လက်ကို ပလပ်စတစ်နဲ့ ပတ်ပေးဖို့ တစ်စုံတစ်ယောက်ကို အကူအညီတောင်းခဲ့ပါတယ်။ ရေမစိုအောင် ဂရုစိုက်နေသရွေ့တော့ ကောင်းပါတယ်။

       
လက်တစ်ဖက်တည်းနဲ့ အိမ်ပြန်ရောက်လာသဖ့င့် အဲဒီနှစ်ခုကို လုပ်ရတာ ကသူ့အတွက် တော်တော် လေးခက်လှတယ်။

       
ကံကောင်းထောက်မစွာ၊ သူစားဖို့ကတော့ စိတ်ပူစရာ မလိုပါဘူး၊ အနည်းဆုံးတော့ သူထင်တဲ့အတိုင်းပါပဲ။

       
ရပ်ကွက်ထဲမှာ စားသောက်ဆိုင်တွေ အများကြီးရှိကာ အစားအသောက်က ဆေးရုံ canteen ထက်လည ပိုအရသာရှိတယ်။ သူ ယခုလတွင် ရှင်သန်ရန်  မှာယူတဲ့ အပေါ်မှာသာ  လုံးလုံးအားကိုးရန် စီစဉ်ခဲ့တယ်။ သူက ဇီဇာမကြောင်ပေ၊ အသီးအရွက် ဒါမှမဟုတ် အသား၊ အစပ်၊ အချို အကုန်လုံးစားနိုင်တယ်။

exclusive rights to an online voice actor Where stories live. Discover now